Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 23:11

Common Language Bible

ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ကိုယ် တော်​မည်​သို့​ပြု​လုပ်​လိုက်​ပါ​သ​နည်း။ အ​ကျွန်ုပ် ၏​ရန်​သူ​တို့​ကို​ကျိန်​ဆဲ​ရန်​ကိုယ်​တော်​ကို​ခေါ် ဆောင်​ခဲ့​ပါ​သော်​လည်း ကိုယ်​တော်​သည်​သူ​တို့ ကို​ကောင်း​ချီး​ပေး​ပါ​သည်​တ​ကား'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​ပ​ညတ်​ရ​ခြင်း​မှာ​အမ္မုန်​နှင့်​မော​ဘ ပြည်​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား များ​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ချိန်​၌ အ​စာ​ရေ​စာ​ကို​မ​ပေး​ဘဲ​နေ​ခဲ့​ကြ​သော ကြောင့်​ဖြစ်​၏။ ထို​ပြင်​ဗာ​လမ်​ကို​ငှား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကျိန်​ဆဲ စေ​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့​ဘု​ရား​သ​ခင် သည်​ထို​ကျိန်​ဆဲ​သော​စ​ကား​ကို​ကောင်း​ချီး ပေး​သော​စ​ကား​ဖြစ်​စေ​တော်​မူ​၏။-

ဗာ​လက်​က​အီ​ဂျစ်​ပြည်​မှ​လာ​သော​လူ​မျိုး တစ်​မျိုး​သည် မြေ​မျက်​နှာ​ပြင်​အ​နှံ့​အ​ပြား သို့​ရောက်​ရှိ​နေ​ကြောင်း၊ ထို​သူ​တို့​ကို​တိုက်​ခိုက် နှင်​ထုတ်​နိုင်​ရန်​အ​ကျွန်ုပ်​အား သူ​တို့​ထံ​သို့ သွား​၍​ထို​သူ​တို့​ကို​ကျိန်​ဆဲ​ပါ​မည့် အ​ကြောင်း​အ​ကြောင်း​ကြား​လိုက်​ပါ​သည်'' ဟု​လျှောက်​ထား​လေ​သည်။

ကိုယ်​တော်​အား​ထိုက်​ထိုက်​တန်​တန်​ချီး​မြှင့် ပါ​မည်။ ကိုယ်​တော်​ခိုင်း​စေ​သ​မျှ​ကို​ဆောင်​ရွက် ပေး​ပါ​မည်။ ကြွ​လာ​၍​ဤ​သူ​တို့​ကို​ကျိန်​ဆဲ ပါ​လော့'' ဟူ​သော​ဗာ​လက်​၏​လျှောက်​ထား ချက်​ကို​တင်​ပြ​ကြ​၏။

ဗာ​လမ်​က``ထာ​ဝ​ရ​ဘု​ရား​ဆင့်​ဆို​စေ​လို သည့်​အ​တိုင်း​သာ​လျှင် ငါ​ဆင့်​ဆို​နိုင်​သည်'' ဟု ပြန်​ဖြေ​လေ​၏။

ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​သည်​အ​မျက်​ထွက်​သ​ဖြင့် လက်​သီး​များ​ကို​ဆုပ်​လျက်​ဗာ​လမ်​အား``အ​ကျွန်ုပ် ၏​ရန်​သူ​တို့​ကို​ကျိန်​ဆဲ​ရန်​ကိုယ်​တော်​ကို​ခေါ် ဆောင်​ခဲ့​သည်။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​သူ​တို့ ကို​သုံး​ကြိမ်​တိုင်​အောင်​ကောင်း​ချီး​ပေး​လေ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ