တောလည် 23:10Common Language Bibleဣသရေလအဆက်အနွယ်တို့သည်များပြား လှသဖြင့် မြေမှုန့်ကိုမရေမတွက်နိုင်သကဲ့သို့၊ သူတို့ကိုမရေမတွက်နိုင်။ ဘုရားသခင်၏လူစုဝင်တစ်ယောက်ကဲ့သို့ သေရပါလို၏။ ဖြောင့်မတ်သောသူကဲ့သို့ငြိမ်းချမ်းစွာသေရ ပါလို၏။'' အခန်းကိုကြည့်ပါ။ |
ထိုနောက်ကောင်းကင်မှ``ရေးမှတ်လော့။ ယခုအချိန် မှစ၍သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် လျက် သေဆုံးသူတို့သည်မင်္ဂလာရှိကြ၏'' ဟုဆို သောအသံကိုငါကြားရ၏။ ဝိညာဉ်တော်ကလည်း ``ဤအတိုင်းမှန်ပေ၏။ သူတို့သည်ဆင်းရဲပင်ပန်း စွာလုပ်ဆောင်ခြင်းမှ ရပ်နားခွင့်ကိုရရှိကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏လုပ်ဆောင် ချက်အကျိုးသည် သူတို့နှင့်အတူလိုက်ပါ လျက်ရှိသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။