တောလည် 17:5Common Language Bibleငါရွေးကောက်သောသူ၏တောင်ဝှေးမှ အညှောက်ထွက်လိမ့်မည်။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့ သင့်အား မကြာခဏညည်းညူအပြစ်တင်ခြင်း ပြုတော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
နံနက်အချိန်သို့ရောက်လျှင် သင်တို့သည် ထာဝရဘုရား၏တောက်ပသောဘုန်းတော် ကိုမြင်ရကြမည်။ ထာဝရဘုရားအားသင် တို့အပြစ်တင်ညည်းညူသံကိုကိုယ်တော် ကြားတော်မူပြီ။ ငါတို့သည်ထာဝရဘုရား မိန့်မှာသမျှအတိုင်းဆောင်ရွက်ရသူများ ဖြစ်သဖြင့် သင်တို့သည်ထာဝရဘုရားကို သာအပြစ်တင်ကြခြင်းဖြစ်သည်'' ဟုဆို လေ၏။-
ထို့ကြောင့်ကောက်ရိုးနှင့်မြက်ခြောက်တို့သည် မီး လျှံတွင်တွန့်လိမ်လောင်ကျွမ်းသွားသကဲ့သို့၊ သင်တို့၏အမြစ်များသည်ဆွေးမြေ့လျက် အပွင့်များသည်လည်းခြောက်သွေ့လွင့်စင်လျက် သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့ သည်ငါတို့အား ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအနန္တတန်ခိုး ရှင်ထာဝရဘုရားဟောပြောသွန်သင်တော်မူ သည့်တရားတော်ကိုပစ်ပယ်ကြသောကြောင့် ဖြစ်၏။-
ငါသည်သင်၏ရာဂစိတ်ကိုလည်းကောင်း၊ အီဂျစ် ပြည်တွင်သင်ငယ်ရွယ်စဉ်အခါမှစ၍ ပြုကျင့် ခဲ့သောဆိုးညစ်ယုတ်မာမှုကိုလည်းကောင်း ရပ်စဲစေမည်။ သင်သည်နောင်အဘယ်အခါ၌ မျှရုပ်တုများကိုမျှော်ကြည့်ရတော့မည်မ ဟုတ်။ အီဂျစ်ပြည်အကြောင်းကိုလည်းစဉ်း စားရတော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။