တောင်ဝှေးများကိုငါစံတော်မူရာတဲ တော်သို့ယူဆောင်၍သင့်ကိုငါတွေ့ဆုံရာ ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ထားလော့။-
ထိုနံ့သာပေါင်းအချို့ကိုညက်အောင်ထောင်း၍၊ ငါစံရာတဲတော်အတွင်းငါ၏ရှေ့တော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ပဋိညာဉ်သေတ္တာအရှေ့၌ ဖြူးရမည်။ ထိုနံ့သာပေါင်းကိုအလွန်သန့် ရှင်းသောနံ့သာပေါင်းအဖြစ်လက်ခံရမည်။-
ပဋိညာဉ်သေတ္တာရှေ့တွင်ရှိသည့်ကန့်လန့်ကာ အပြင်ဘက်၌၊ ထိုပလ္လင်ကိုထားရမည်။ ထို နေရာ၌ငါသည်သင်နှင့်တွေ့ဆုံမည်။-
ထာဝရဘုရားက``အာရုန်၏တောင်ဝှေးကို သေတ္တာတော်ရှေ့တွင်ပြန်ထားလော့။ ပုန်ကန် တတ်သောဣသရေလအမျိုးသားတို့ သည်အပြစ်တင်ညည်းညူနေလျှင် အသက် သေဆုံးရမည်ဖြစ်ကြောင်းသတိပေးသည့် အနေဖြင့်အာရုန်၏တောင်ဝှေးကိုထို နေရာ၌ထားရမည်'' ဟုမိန့်တော်မူ ၏။-
လေဝိအနွယ်၏တောင်ဝှေးပေါ်တွင်အာရုန် ၏နာမည်ကိုရေးရမည်။ အနွယ်ဦးစီးခေါင်း ဆောင်တစ်ဦးလျှင်တောင်ဝှေးတစ်ချောင်း ရှိရမည်။-
ထိုနောက်မောရှေသည်တဲတော်ထဲရှိထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာရှေ့တွင်တောင်ဝှေး များကိုထားလေသည်။