ထိုကြောင့်လူတိုင်းပင်မိမိ၏မီးကျီးခဲ နှင့်နံ့သာပေါင်းထည့်၍မောရှေ၊ အာရုန်တို့ နှင့်အတူတဲတော်တံခါးဝ၌ရပ်နေ ကြသည်။-
သို့သော်သြဇိမင်းသည်တန်ခိုးကြီးလာသော အခါ မာန်မာနလည်းထောင်လွှားလာသဖြင့် အကျိုးနည်းရလေသည်။ သူသည်ဗိမာန်တော် သို့ဝင်၍နံ့သာပေါင်းကို သက်ဆိုင်ရာယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ခြင်းအားဖြင့် မိမိ၏ ဘုရားသခင်ထာဝရဘုရားအားပြစ်မှား၏။-
ယဇ်ပလ္လင်မှမီးခဲများကိုမီးကျီးခံလင်ပန်း ၌ အပြည့်ထည့်၍နံ့သာမှုန့်လက်နှစ်ဆုပ်ကို ယူပြီးလျှင် အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ဝင်ရမည်။-
ထိုနောက်ထာဝရဘုရား၏ရှေ့တော်တွင် နံ့သာကိုမီးခဲပေါ်၌ဖြူးရမည်။ နံ့သာ မှထွက်သောမီးခိုးသည်ပဋိညာဉ်သေတ္တာ ဖုံးကိုကွယ်ထားသဖြင့် သူသည်အဖုံးကို မမြင်နိုင်သောကြောင့်အသက်ချမ်းသာ ရာရလိမ့်မည်။-
သင်တို့အသီးသီးသည်ယဇ်ပလ္လင်၌ဆက် သရန် မိမိ၏မီးကျီးခံအိုးတွင်နံ့သာ ပေါင်းထည့်၍ယူခဲ့ရမည်'' ဟုဆို၏။-
ကောရသည်လူအပေါင်းတို့ကိုစုဝေးစေ ၍တဲတော်တံခါးဝတွင် မောရှေနှင့်အာရုန် တို့ကိုမျက်နှာချင်းဆိုင်၍ရပ်နေစေသည်။ ထိုခဏချင်းတွင်လူအပေါင်းတို့ရှေ့၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထွန်းတောက်လေသည်။-
``ကြေးဝါမီးကျီးခံအိုးများသည်ဆက်ကပ် ထားသောပစ္စည်းများဖြစ်သဖြင့် ယဇ်ပုရော ဟိတ်အာရုန်၏သားဧလာဇာအား ထိုမီး ကျီးခံအိုးများကိုမီးလောင်သေဆုံးသူတို့ ထံမှသိမ်းယူပြီးလျှင်မီးခဲများကိုတစ် နေရာတွင်သွန်ချစေလော့။-
ထိုအခါရောဂါအန္တရာယ်ပပျောက်သွား သဖြင့် သူသည်သေသူနှင့်ရှင်သူတို့၏ အလယ်တွင်ရပ်လျက်ရှိ၏။-