သင်တို့အသီးသီးသည်ယဇ်ပလ္လင်၌ဆက် သရန် မိမိ၏မီးကျီးခံအိုးတွင်နံ့သာ ပေါင်းထည့်၍ယူခဲ့ရမည်'' ဟုဆို၏။-
ပြာနှင့်အဆီခံအိုး၊ ဂေါ်ပြား၊ အင်တုံ၊ ချိတ်၊ မီး ကျီးခံအိုးအစရှိသောယဇ်ပလ္လင်နှင့်ဆိုင်ရာ တန်ဆာရှိသမျှတို့ကိုကြေးဝါဖြင့်ပြုလုပ် ရမည်။-
ထိုအရပ်တွင်ရှာဖန်၏သားယာဇညာအပါအဝင် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ်ဆယ်ရှိ၏။ သူတို့သည်ကိုယ်စီကိုယ်ငှနံ့သာပေါင်းကို မီးရှို့ရာလင်ပန်းတစ်ချပ်စီကိုင်ထားကြ၏။ နံ့သာပေါင်းမှမီးခိုးတို့သည်လည်းအထက်သို့တက်၍နေ၏။-
မောရှေကကောရအား``နက်ဖြန်နေ့တွင် သင်နှင့်တကွ သင်၏နောက်လိုက်သူနှစ်ရာ့ ငါးဆယ်တို့သည်တဲတော်သို့လာရကြ မည်။ အာရုန်သည်လည်းတဲတော်တွင်ရှိ လိမ့်မည်။-
ထိုကြောင့်လူတိုင်းပင်မိမိ၏မီးကျီးခဲ နှင့်နံ့သာပေါင်းထည့်၍မောရှေ၊ အာရုန်တို့ နှင့်အတူတဲတော်တံခါးဝ၌ရပ်နေ ကြသည်။-
သင်တို့သည်ယခုထ၍ရပ်ကြလော့။ ထာဝရ ဘုရား၏ရှေ့တော်တွင်သင်တို့ကိုငါပြစ်တင် စွပ်စွဲမည်။ ကိုယ်တော်သည်သင်တို့နှင့်ဘိုးဘေး တို့အား မဟာအမှုတော်များအားဖြင့်ကယ် ဆယ်တော်မူခဲ့ပုံကိုသတိရကြလော့။-