Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 14:42

Common Language Bible

မ​သွား​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ နှင့်​အ​တူ​မ​ရှိ​သ​ဖြင့် ရန်​သူ​တို့​သည်​သင် တို့​ကို​အ​နိုင်​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အာ​ဇ​ရိ​သည်​အာ​သ​မင်း​ထံ​သို့​သွား​ပြီး​လျှင်``အို အာ​သ​မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့၊ ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ သင်​တို့​သည်​ကိုယ်​တော်​အား​ရှာ ကြ​လျှင် ကိုယ်​တော်​သည်​သင်​တို့​အား​အ​တွေ့ ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည် ကိုယ်​တော်​အား​ကျော​ခိုင်း​ကြ​ပါ​က​ကိုယ် တော်​သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော် မူ​လိမ့်​မည်။-

ကိုယ်​တော်​ရှင်​သည်​သူ​၏​ဋ္ဌား​တို့​ကို​တုံး​စေ​တော် မူ​၍ သူ့​အား​စစ်​ပွဲ​တွင်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ ပါ​ပြီ။

သင်​တို့​သည်​အာ​မ​လက်​အ​မျိုး​သား၊ ခါ​နာန် အ​မျိုး​သား​တို့​နှင့်​ယှဉ်​ပြိုင်​တိုက်​ခိုက်​သော​အ​ခါ သင်​တို့​ကျ​ဆုံး​ကြ​လိမ့်​မည်။ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပစ်​ခြင်း​ကြောင့် ကိုယ်​တော်​သည်​သင် တို့​နှင့်​အ​တူ​ရှိ​တော်​မူ​မည်​မ​ဟုတ်'' ဟု​ဆို လေ​၏။

``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`ငါ​သည် သူ​တို့​နှင့်​အ​တူ​ရှိ​မည်​မ​ဟုတ်​သော​ကြောင့် စစ်​ချီ တိုက်​ခိုက်​ခြင်း​မ​ပြု​ရန်​သ​တိ​ပေး​လော့။ သူ​တို့ သည်​စစ်​ရေး​နိမ့်​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။-

ထို​အ​ခါ​၌​ငါ​သည်​အ​မျက်​တော်​ထွက်​၍ သူ တို့​ကို​စွန့်​ပစ်​သ​ဖြင့်​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး ကြ​လိမ့်​မည်။ သူ​တို့​သည်​ကြောက်​မက်​ဖွယ်​သော ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ငါ​သည် သင်​တို့​နှင့်​အ​တူ​မ​ရှိ​တော့​သ​ဖြင့် ဤ​ကဲ့​သို့ သော​ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​သည်​ဟု သိ​မြင်​လာ​ကြ​လိမ့်​မည်။-

ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​များ​ကို​ယှဉ်​ပြိုင်​၍​မ​တိုက်​နိုင်​ကြ။ သူ တို့​ကိုယ်​တိုင်​ဖျက်​ဆီး​ခြင်း​ခံ​ရ​မည့်​သူ​များ ဖြစ်​၍ ရန်​သူ​များ​ထံ​မှ​ဆုတ်​ခွာ​ခဲ့​ရ​ကြ​၏။ သင်​တို့​ကို​မ​ယူ​ရ​ဟု​ငါ​ပညတ်​သော်​လည်း သင်​တို့​ယူ​ထား​သော​ပစ္စည်း​များ​ကို​ဖျက်​ဆီး မ​ပစ်​လျှင် ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​မည်​မ​ဟုတ်။-

အို ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ရန်​သူ​များ​ထံ​မှ​နောက်​သို့ ဆုတ်​ပြေး​လာ​ရ​ပြီ​ဖြစ်​ခြင်း​ကြောင့် အ​ကျွန်ုပ် သည်​မည်​သို့​ပြော​ရ​ပါ​မည်​နည်း။-

သူ​သည်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ ထို​အ​ခါ​ရှံ​ဆုန် သည်​အိပ်​ရာ​မှ​နိုး​ထ​၍​ယ​ခု​တစ်​ကြိမ်​လည်း ခါ​တိုင်း​ကဲ့​သို့​ပင် မိ​မိ​လွတ်​မြောက်​နိုင်​လိမ့် မည်​ဟု​ထင်​မှတ်​၏။ မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ခွာ​သွား​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ကို​မူ​သူ မ​သိ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ