Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 14:41

Common Language Bible

သို့​ရာ​တွင်​မော​ရှေ​က``သင်​တို့​အ​ဘယ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို ယ​ခု​မ​နာ ခံ​ကြ​သ​နည်း။ သင်​တို့​အ​ကြံ​အောင်​မြင်​မည် မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် သည် ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏​သား ဇာ​ခ​ရိ​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ သ​ဖြင့် ဇာ​ခ​ရိ​သည်​ပြည်​သူ​တို့​မြင်​သာ သည့်​နေ​ရာ​တွင်​ရပ်​လျက်``သင်​တို့​သည်​မိ​မိ တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ်​ဆိုက်​ရောက် စေ​ရန် အ​ဘယ်​ကြောင့်​ငါ​ထာ​ဝရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​ကြ​ပါ​သ​နည်း။ ငါ့​အား​သင်​တို့​စွန့်​ပယ်​ကြ​သ​ဖြင့်​ငါ သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော်​မူ ပြီ'' ဟု​ဗျာ​ဒိတ်​တော်​ဆင့်​ဆို​၏။-

ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။

သင်​သည်​အ​ရှက်​ကွဲ​လျက်​ခေါင်း​ငိုက်​စိုက်​နှင့် အီ​ဂျစ်​ပြည်​မှ​ပြန်​လာ​ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သင်​အား​ကိုး​သူ​တို့​ကို​ပစ်​ပယ် တော်​မူ​ပြီ။ သူ​တို့​ထံ​မှ​သင်​သည်​အ​ဘယ် အ​ကျိုး​ကို​မျှ​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်။''

ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​ခြင်း ကို​ခံ​ရ​၍ သူ့​အား​ငါ​မ​စီ​ရင်​မ​ချင်း​ထို​မြို့ တွင်​နေ​ရ​လိမ့်​မည်။ သူ​သည်​ဗာ​ဗု​လုန်​အ​မျိုး သား​တို့​အား​ပြန်​လှန်​၍​ပင်​တိုက်​ခိုက်​စေ​ကာ မူ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏ ဟု​မိန့်​တော်​မူ​ကြောင်း​အ​ဘယ့်​ကြောင့်​ဟော ပြော​ကြေ​ညာ​ရ​သ​နည်း'' ဟု​ပြစ်​တင် စွပ်​စွဲ​၏။

``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`ငါ​သည် သူ​တို့​နှင့်​အ​တူ​ရှိ​မည်​မ​ဟုတ်​သော​ကြောင့် စစ်​ချီ တိုက်​ခိုက်​ခြင်း​မ​ပြု​ရန်​သ​တိ​ပေး​လော့။ သူ​တို့ သည်​စစ်​ရေး​နိမ့်​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။-

သင်​သည်​အ​ဘယ်​ကြောင့်​ကိုယ်​တော်​၏​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် လက်​ရ​ပစ္စည်း​များ​ကို​မက်​မက်​မော​မော​သိမ်း ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက်​သော အ​မှု​ကို​ပြု​ဘိ​သ​နည်း'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ