Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 25:13

Common Language Bible

ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အ​ဂြိပ္ပ​မင်း​ကြီး​နှင့်​မိ​ဖု​ရား​ဗေ​ရ​နိတ် တို့​သည် ကဲ​သ​ရိ​မြို့​သို့​ရောက်​နေ​သော ဘု​ရင်​ခံ​ဖေတ္တု​အား​နှုတ်​ဆက်​ရန် ကဲ​သ​ရိ မြို့​သို့​လာ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သား​တော်​ယော​ရံ​ကို​ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ် ပြီး​လျှင် ဟာ​ဒ​ဒေ​ဇာ​၏​အ​ပေါ်​တွင်​အောင်​ပွဲ ရ​သည့်​အ​တွက် နှစ်​ထောင်း​အား​ရ​မှု​ရှိ​ကြောင်း နှုတ်​ခွန်း​ဆက်​စ​ကား​ပြော​ကြား​စေ​၏။ တော​ဣ ကား​ဟာ​ဒ​ဒေ​ဇာ​ကို​အ​ကြိမ်​ပေါင်း​များ စွာ​တိုက်​ခိုက်​ခဲ့​သူ​ဖြစ်​သ​တည်း။ ယော​ရံ သည်​မိ​မိ​နှင့်​အ​တူ​ရွှေ၊ ငွေ​နှင့်​ကြေး​ဝါ ဖြင့်​ပြီး​သော​ပစ္စည်း​အ​သုံး​အ​ဆောင်​များ ကို​ဒါ​ဝိဒ်​ထံ​သို့​ယူ​ဆောင်​လာ​လေ​သည်။-

သူ​သည်​ကွယ်​လွန်​သူ​အာ​ခ​ဇိ​၏​ဆွေ​မျိုး အ​ချို့​နှင့်​တွေ့​၍ သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သူ​များ​ပေ​နည်း'' ဟု​မေး​၏။ ထို​သူ​တို့​က``အာ​ခ​ဇိ​၏​ဆွေ​တော်​မျိုး​တော် များ​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​ယေ​ဇ ဗေ​လ​မိ​ဖု​ရား​၏​သား​တော်​သ​မီး​တော်​များ နှင့် အ​ခြား​မင်း​ဆွေ​မင်း​မျိုး​တို့​အား​ဂါ​ရ​ဝ ပြု​ရန် ယေ​ဇ​ရေ​လ​မြို့​သို့​သွား​ကြ​ပါ​မည်'' ဟု​ဖြေ​ကြား​ကြ​၏။-

``ယု​ဒ​ရှင်​ဘု​ရင်​သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ပြက်​ရယ်​ပြု​လျက်​အ​ရို​အ​သေ​ပေး​ကြ​၏။-

ဖေတ္တု​သည်​ထို​နယ်​သို့​ရောက်​၍​သုံး​ရက်​ကြာ သော​အ​ခါ ကဲ​သ​ရိ​မြို့​မှ​ယေ​ရု​ရှ​လင်​မြို့ သို့​တက်​သွား​၏။-

ထို​အ​ခါ​ဖေတ္တု​သည်​မိ​မိ​၏​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​များ​နှင့်​တိုင်​ပင်​ပြီး​နောက် ``သင် သည်​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​သ​ဖြင့် ဧ​က​ရာဇ်​ဘု​ရင်​ထံ​သို့​သွား​ရ​မည်'' ဟု ဆို​၏။

ဖေတ္တု​က ``ပေါ​လု​အား​အ​စောင့်​အ​ကြပ်​နှင့် ကဲ​သ​ရိ​မြို့​တွင်​ထား​ရှိ​၏။ ငါ​ကိုယ်​တိုင် ထို​မြို့​သို့​မ​ကြာ​မီ​သွား​မည်။-

အ​ဂြိပ္ပ​မင်း​ကြီး​က ``သင်​လျှောက်​ထား​နိုင် သည်'' ဟု​ပေါ​လု​အား​ဆို​သော် ပေါ​လု​သည် လက်​ကို​ဆန့်​၍၊-

ဖိ​လိပ္ပု​သည်​အာ​ဇုတ်​မြို့​သို့​မိ​မိ​ရောက်​ရှိ​နေ သည်​ကို​သိ​ရ​၏။ ထို​နောက်​သူ​သည်​ကဲ​သ​ရိ မြို့​သို့​သွား​၏။ လမ်း​ခ​ရီး​တွင်​တစ်​မြို့​ပြီး တစ်​မြို့​သို့​ဝင်​၍​သ​တင်း​ကောင်း​ကို​ဟော ပြော​ကြေ​ညာ​လေ​သည်။

ယင်း​သို့​ယဇ်​ပူ​ဇော်​၍​ပြီး​ခါ​နီး​၌​ရှ​မွေ​လ ရောက်​ရှိ​လာ​၏။ ရှော​လု​သည်​သူ့​ကို​သွား​ရောက် ကြို​ဆို​သော်​လည်း၊-

နာ​ဗ​လ​၏​အ​စေ​ခံ​တစ်​ဦး​က နာ​ဗ​လ​၏ ဇ​နီး​အ​ဘိ​ဂဲ​လ​အား``ဤ​အ​ကြောင်း​ကို သ​ခင်​မ​ကြား​ပြီး​ပါ​ပြီ​လော။ ဒါ​ဝိဒ်​သည် တော​ကန္တာ​ရ​မှ​နေ​၍ ကျွန်​တော်​တို့​၏​သ​ခင် ထံ​သို့​စေ​တ​မန်​တို့​ကို​လွှတ်​ကာ​နှုတ်​ဆက် ပါ​၏။ သို့​ရာ​တွင်​သ​ခင်​က​ထို​သူ​တို့​အား စော်​ကား​မော်​ကား​ပြော​ဆို​လိုက်​ပါ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ