Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 25:12

Common Language Bible

ထို​အ​ခါ​ဖေတ္တု​သည်​မိ​မိ​၏​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​များ​နှင့်​တိုင်​ပင်​ပြီး​နောက် ``သင် သည်​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​သ​ဖြင့် ဧ​က​ရာဇ်​ဘု​ရင်​ထံ​သို့​သွား​ရ​မည်'' ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​၏​ဒေါ​သ​သည်​ကိုယ်​တော်​ရှင်​အား​ပို​၍ ထော​မ​နာ​ပြု​ခြင်း​အ​ကျိုး​ကို​ဖြစ်​ပေါ်​စေ​ပါ လိမ့်​မည်။ စစ်​ပွဲ​တွင်​မ​သေ​ဘဲ​အ​သက်​ရှင်​ကျန်​ရစ်​သူ​တို့​သည် ကိုယ်​တော်​၏​ပွဲ​တော်​များ​ကို​စောင့်​ထိန်း ကြ​ပါ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​ရ​သာ​လျှင် အ​ကောင်​အ​ထည်​ဖော်​ရ​ပါ​၏။

ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည်​ရှေ့ တော်​၌ အ​မှု​မ​ထား​လောက်​သ​ကဲ့​သို့​ဖြစ်​ပါ​၏။ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​ရှိ ကောင်း​ကင်​တ​မန်​များ​ကို​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​တို့​ကို​လည်း​ကောင်း စိုး​မိုး​အုပ်​ချုပ်​တော်​မူ​ပါ​၏။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​အ​လို​တော်​ကို မ​ဆန့်​ကျင်​နိုင်​ပါ။ ကိုယ်​တော်​အ​ဘယ်​သို့​ပြု​တော်​မူ​သည်​ကို လည်း မ​စစ်​ဆေး​မ​မေး​မြန်း​နိုင်​ပါ။

သို့​ဖြစ်​၍​အ​ရှင်​အ​ဘယ်​သို့​ထင်​မြင်​သည်​ကို အ​ကျွန်ုပ်​တို့​အား​မိန့်​တော်​မူ​ပါ။ ရော​မ​ဧ​က​ရာဇ် ဘု​ရင်​အား​အ​ခွန်​ဆက်​အပ်​ပါ​သ​လော၊ မ​ဆက် အပ်​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။

ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ပေါ​လု သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​မှ တစ်​ဆင့် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရန်​စိတ်​ပိုင်း ဖြတ်​၏။ သူ​က ``ထို​မြို့​သို့​ငါ​သွား​ပြီး​နောက် ရော​မ​မြို့​သို့​လည်း​သွား​ရ​မည်'' ဟု​ဆို​၏။-

ထို​ည​၌​သ​ခင်​ဘု​ရား​သည်​ပေါ​လု​၏​အ​နီး​၌ ရပ်​လျက် ``မ​ကြောက်​နှင့်။ သင်​သည်​ယေ​ရု​ရှ​လင် မြို့​တွင် ငါ​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​ခဲ့​သည် နည်း​တူ​ရော​မ​မြို့​တွင်​လည်း​သက်​သေ​ခံ​ရ​ဦး မည်'' ဟု​မိန့်​တော်​မူ​၏။

အ​ကယ်​၍​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး​ဖောက်​ကာ သေ​ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​မိ လျှင် အ​ကျွန်ုပ်​အား​အ​သက်​ချမ်း​သာ​ခွင့်​ပေး ရန်​တောင်း​ခံ​မည်​မ​ဟုတ်​ပါ။ သို့​သော်​ထို​သူ တို့​စွပ်​စွဲ​ချက်​များ​သည်​အ​ခြေ​အ​မြစ်​မ​ရှိ ပါ​လျှင် မည်​သူ​မျှ​အ​ကျွန်ုပ်​အား​သူ​တို့​၏ လက်​သို့​ပေး​အပ်​နိုင်​မည်​မ​ဟုတ်​ပါ။ အ​ကျွန်ုပ် သည်​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​ပါ​၏'' ဟု လျှောက်​၏။

ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အ​ဂြိပ္ပ​မင်း​ကြီး​နှင့်​မိ​ဖု​ရား​ဗေ​ရ​နိတ် တို့​သည် ကဲ​သ​ရိ​မြို့​သို့​ရောက်​နေ​သော ဘု​ရင်​ခံ​ဖေတ္တု​အား​နှုတ်​ဆက်​ရန် ကဲ​သ​ရိ မြို့​သို့​လာ​ကြ​၏။-

သို့​ရာ​တွင်​ပေါ​လု​သည်​ဧ​က​ရာဇ်​ဘု​ရင်​မင်း​၏ အ​ဆုံး​အ​ဖြတ်​ကို​သာ​ခံ​ယူ​လို​ကြောင်း​ပြော ပြ​ပါ​သည်။ သူ​သည်​မိ​မိ​အား​အ​ချုပ်​နှင့်​ပင် ထား​ရှိ​၍ ဧ​က​ရာဇ်​မင်း​၏​အ​ဆုံး​အ​ဖြတ်​ကို ခံ​လို​ကြောင်း​ပန်​ကြား​သ​ဖြင့် သူ့​ကို​ဧ​က​ရာဇ် မင်း​ထံ​ပို့​အပ်​ချိန်​အ​ထိ​ချုပ်​ထား​ရန်​အ​မိန့် ပေး​ခဲ့​ပါ​သည်'' ဟု​ဆို​၏။

အ​ဂြိပ္ပ​မင်း​က ``အ​ကယ်​၍​ဤ​သူ​သည်​ကဲ​သာ ဘု​ရင်​ထံ​သို့​အ​ယူ​ခံ​ဝင်​ရန်​မ​လျှောက်​ထား ခဲ့​ပါ​မူ​သူ့​ကို​လွှတ်​ပစ်​နိုင်​၏'' ဟု​ဖေတ္တု အား​ပြော​၏။

ဖေတ္တု​သည်​ကျွန်ုပ်​တို့​ကို​ဣ​တ​လိ​ပြည်​သို့ သင်္ဘော​ဖြင့်​ပို့​ရန်​ဆုံး​ဖြတ်​ပြီး​နောက် ပေါ​လု နှင့်​အ​ခြား​အ​ကျဉ်း​သား​အ​ချို့​တို့​ကို ဧ​က ရာဇ်​မင်း​တပ်​တော်​ဟု​ခေါ်​သော​တစ်​ထောင်​တပ် မှ​တပ်​မှူး​ယု​လ​လက်​သို့​ပေး​အပ်​လိုက်​၏။-

ရော​မ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ​ပေါ​လု သည် တစ်​ကိုယ်​တည်း​အ​စောင့်​စစ်​သား​တစ်​ယောက် နှင့်​အ​တူ​နေ​ခွင့်​ရ​ရှိ​၏။

ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​၏​တာ​ဝန် မ​ပျက်​မ​ကွက်​ဘဲ​အ​ခါ​ခပ်​သိမ်း​၌​လည်း ကောင်း၊ အ​ထူး​သ​ဖြင့်​ယခု​အ​ခါ​၌​လည်း​ကောင်း ရဲ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​လျက်​ငါ​သည်​အ​သက်​ရှင် သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​အ​စွမ်း​ရှိ​သ​မျှ နှင့်​ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား လာ​နိုင်​စေ​ရန်​မျှော်​လင့်​တောင့်​တ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ