Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 21:34

Common Language Bible

လူ​ပ​ရိ​သတ်​တို့​က​သူ​တစ်​မျိုး​ငါ​တစ်​ဖုံ​ဟစ် အော်​ပြော​ဆို​ကြ​၏။ ထို​ဆူ​ညံ​သံ​များ​ကြောင့် တပ်​မှူး​သည်​အ​ဖြစ်​မှန်​ကို​မ​သိ​နိုင်​ရ​ကား ပေါ​လု​ကို​တပ်​စ​ခန်း​ရဲ​တိုက်​ထဲ​သို့​ခေါ် ဆောင်​သွား​ရန်​အ​မိန့်​ပေး​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​တော​အ​တွင်း​၌​လူ​တို့​သည် အ​မျိုး​မျိုး ဟစ်​အော်​ကြ​လျက်​အုတ်​အုတ်​သဲ​သဲ​ဖြစ်​၍ နေ​၏။-

ပေါ​လု​သည်​မိ​မိ​အား​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင် သွား​မည်​ပြု​သော​အ​ခါ တပ်​မှူး​အား``သင်​နှင့် အ​ကျွန်ုပ်​စ​ကား​အ​နည်း​ငယ်​ပြော​ပါ​ရ​စေ'' ဟု​ဆို​၏။ ``သင်​သည်​ဂ​ရိ​ဘာ​သာ​စ​ကား​ကို​ပြော​တတ် ပါ​သ​လော။-

ထို​အ​ခါ​ရော​မ​တပ်​မှူး​သည်​ပေါ​လု​ကို​တပ် စ​ခန်း​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန်​နှင့် အ​ဘယ်​ကြောင့်​ဤ​သို့​လူ​တို့​ဆူ​ပူ​ဟစ်​အော်​ရ ကြောင်း​ကို​ပေါ​လု​အား​ရိုက်​၍​စစ်​ဆေး​ရန် အ​မိန့်​ပေး​၏။-

တပ်​မှူး​သည်​ပေါ​လု​အား​ယု​ဒ​အ​မျိုး​သား​တို့ က အ​ဘယ်​ပြစ်​မှု​ဖြင့်​စွပ်​စွဲ​ကြ​သည်​ကို​အ​သေ အ​ချာ​သိ​လို​၏။ သို့​ဖြစ်​၍​နောက်​တစ်​နေ့​၌ ပေါ​လု​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး​ကို ဖယ်​ရှား​စေ​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် အ​ပေါင်း​တို့​ကို​စု​ဝေး​ကြ​ရန်​အ​မိန့်​ပေး လေ​သည်။ ထို​နောက်​ပေါ​လု​ကို​ခေါ်​ဆောင်​ကာ ထို​သူ​တို့​ရှေ့​တွင်​ရပ်​စေ​၏။

ငြင်း​ခုံ​မှု​သည်​အ​လွန်​ပြင်း​ထန်​၍​လာ​သ​ဖြင့် ပေါ​လု​ကို​အ​ပိုင်း​ပိုင်း​ဆုတ်​ဖြတ်​မည်​ကို​တပ်​မှူး သည်​စိုး​ရိမ်​သ​ဖြင့် စစ်​သား​များ​အား​ဆင်း​သွား ၍​ပေါ​လု​အား​ထို​သူ​တို့​ထံ​မှ​ထိန်း​သိမ်း​ပြီး လျှင်​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန်​အ​မိန့် ပေး​၏။

သို့​သော်​ထို​အ​ကြံ​အ​စည်​ကို​ပေါ​လု​နှ​မ​၏ သား​သည်​ကြား​သိ​သွား​သ​ဖြင့် ရဲ​တိုက်​ထဲ ကို​ဝင်​ပြီး​လျှင်​ပေါ​လု​အား​ပြော​ကြား​၏။-

နောက်​တစ်​နေ့​၌​ခြေ​လျင်​တပ်​သား​များ​သည် ရဲ​တိုက်​သို့​ပြန်​လာ​ခဲ့​ကြ​၏။ မြင်း​တပ်​သား များ​သည်​ပေါ​လု​နှင့်​အ​တူ​ဆက်​လက်​ခ​ရီး ပြု​ရန်​ဖြစ်​၏။-

သူ​နှင့်​ပတ်​သက်​၍​ဘု​ရင်​ဧ​က​ရာဇ်​မင်း အား တိ​တိ​ကျ​ကျ​သံ​တော်​ဦး​တင်​စ​ရာ အ​ကြောင်း​တစ်​ခု​မျှ​ကျွန်ုပ်​မှာ​မ​ရှိ​ပါ။ ထို့ ကြောင့်​ထို​သူ​အား​သင်​တို့​၏​ရှေ့​သို့​ခေါ် ဆောင်​လာ​ခြင်း​ဖြစ်​ပါ​၏။ အ​ထူး​သ​ဖြင့် အ​ဂြိပ္ပ​မင်း​ကြီး​ရှေ့​တော်​သို့​ခေါ်​ဆောင် လာ​ပါ​၏။ ဤ​သို့​ခေါ်​ဆောင်​လာ​ခြင်း​မှာ သူ့​အား​မင်း​ကြီး​စစ်​ဆေး​မေး​မြန်း​ပြီး သော​အ​ခါ ကျွန်ုပ်​အ​စီ​ရင်​ခံ​စာ​ရေး​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ရ​ရှိ​နိုင်​မည် ပင်​ဖြစ်​ပါ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ