Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 21:33

Common Language Bible

ထို​အ​ခါ​တပ်​မှူး​သည်​ပေါ​လု​ထံ​သို့​ရောက်​၍ ဖမ်း​ဆီး​ပြီး​လျှင် သံ​ကြိုး​နှစ်​ချောင်း​ဖြင့်​ချည် နှောင်​ထား​ရန်​အ​မိန့်​ပေး​၏။ ပေါ​လု​ကား​မည် သူ​ဖြစ်​ကြောင်း၊ မည်​သည့်​ပြစ်​မှု​ကို​ကူး​လွန် ကြောင်း​ကို​မေး​မြန်း​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​လူ​တို့​ရှေ့​သို့ ခေါ်​ထုတ်​စစ်​ဆေး​မည့်​နေ့​မ​ရောက်​မီ​ည​၌ ပေ​တ​ရု​သည်​စစ်​သား​နှစ်​ယောက်​၏​ကြား​တွင် အိပ်​ပျော်​လျက်​နေ​၏။ သူ့​ကို​သံ​ကြိုး​နှစ်​ချောင်း ဖြင့်​ချည်​နှောင်​ထား​၏။ ထောင်​တံ​ခါး​ရှေ့​တွင်​လည်း အ​စောင့်​တပ်​သား​များ​သည်​စောင့်​ကြပ်​လျက် ရှိ​ကြ​၏။-

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က `သင်​သည်​ချည် နှောင်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​လိမ့်​မည်' ဟူ ၍​မြို့​တိုင်း​တွင် ငါ့​အား​ကြို​တင်​သ​တိ​ပေး သည်​ကို​သာ​လျှင်​ငါ​သိ​၏။-

သူ​သည်​ကျွန်ုပ်​တို့​ထံ​သို့​လာ​၍​ပေါ​လု​၏​ခါး​ပန်း ကို​ယူ​ပြီး​လျှင် မိ​မိ​၏​ခြေ​နှင့်​လက်​တို့​ကို​ချည် နှောင်​လေ​၏။ ထို​နောက် ``ဤ​ခါး​ပန်း​ပိုင်​ရှင်​အား ယု​ဒ​အ​မျိုး​သား​တို့​က​ယေ​ရု​ရှ​လင်​မြို့​တွင် ဤ​သို့​ချည်​နှောင်​၍ လူ​မျိုး​ခြား​တို့​၏​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​မိန့်​တော်​မူ​သည်'' ဟု​ဆို​လေ​၏။

သူ့​ကို​စစ်​ဆေး​မေး​မြန်း​မည့်​သူ​တို့​သည်​လည်း ချက်​ချင်း​ပင်​နောက်​သို့​ဆုတ်​ခွာ​သွား​ကြ​လေ သည်။ ပေါ​လု​သည်​ရော​မ​နိုင်​ငံ​သား​ဖြစ်​သည် ကို​လည်း​ကောင်း၊ သူ့​အား​သံ​ကြိုး​ဖြင့်​ချည်​နှောင် မိ​သည်​ကို​လည်း​ကောင်း​သိ​မြင်​သော​အ​ခါ တပ်​မှူး​သည်​ကြောက်​လန့်​လေ​၏။

တပ်​မှူး​သည်​ပေါ​လု​အား​ယု​ဒ​အ​မျိုး​သား​တို့ က အ​ဘယ်​ပြစ်​မှု​ဖြင့်​စွပ်​စွဲ​ကြ​သည်​ကို​အ​သေ အ​ချာ​သိ​လို​၏။ သို့​ဖြစ်​၍​နောက်​တစ်​နေ့​၌ ပေါ​လု​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး​ကို ဖယ်​ရှား​စေ​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် အ​ပေါင်း​တို့​ကို​စု​ဝေး​ကြ​ရန်​အ​မိန့်​ပေး လေ​သည်။ ထို​နောက်​ပေါ​လု​ကို​ခေါ်​ဆောင်​ကာ ထို​သူ​တို့​ရှေ့​တွင်​ရပ်​စေ​၏။

အ​ကျွန်ုပ်​က​တ​ရား​ခံ​တစ်​ယောက်​အား​တ​ရား​လို များ​နှင့်​မျက်​နှာ​စုံ​ညီ​တွေ့​ဆုံ​၍ သူ​တို့​၏​စွပ်​စွဲ ချက်​ကို​ချေ​ပ​ခွင့်​မ​ပေး​ဘဲ​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​မှာ ရော​မ​ဋ္ဌ​လေ့​ထုံး​စံ​မ​ဟုတ်​ကြောင်း​သူ တို့​အား​ဖြေ​ကြား​ခဲ့​ပါ​၏။-

ပေါ​လု​က ``အ​ချိန်​တို​သည်​ကြာ​သည်​မှာ ပ​ဋ္ဌာ​န​မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​နှင့်​တ​ကွ ယ​နေ့​အ​ကျွန်ုပ်​ပြော​ဆို​သည်​ကို နား​ထောင် လျက်​ရှိ​ကြ​သော​လူ​အ​ပေါင်း​တို့​သည် ဤ အ​နှောင်​အ​ဖွဲ့​ခံ​ရ​မှု​မှ​လွဲ​၍​အ​ကျွန်ုပ်​ကဲ့ သို့​ပင်​ဖြစ်​လာ​ကြ​စေ​ရန် ဘု​ရား​သ​ခင် ထံ​တော်​သို့​အ​ကျွန်ုပ်​ဆု​တောင်း​ပါ​၏'' ဟု လျှောက်​လေ​သည်။

သို့​ဖြစ်​၍​သင်​တို့​နှင့်​တွေ့​ဆုံ​ခွင့်​ကို​တောင်း​ခံ ခဲ့​ခြင်း​ဖြစ်​သည်။ ငါ​သည်​ဤ​သံ​ကြိုး​များ ဖြင့်​အ​ချည်​အ​နှောင်​ခံ​ရ​သည်​မှာ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မျှော်​လင့်​စောင့်​စား​လျက်​နေ ကြ​သည့်​အ​ရှင်​၏​အ​တွက်​ကြောင့်​ပင်​ဖြစ်​သည်'' ဟု​ဆို​၏။

ငါ​သည်​အ​ကျဉ်း​ခံ​နေ​ရ​သူ​ဖြစ်​သော်​လည်း​ထို သ​တင်း​ကောင်း​အ​တွက်​သံ​တ​မန်​ဖြစ်​ပါ​၏။ ထို သ​တင်း​ကောင်း​ကို​ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ ငါ​သည်​ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ရန်​ဆု​တောင်း ကြ​လော့။

သင်​တို့​ကို​ငါ​အ​စဉ်​အောက်​မေ့​၏။ သို့​ဖြစ်​၍ ငါ​သည်​သင်​တို့​နှင့်​ပတ်​သက်​၍​ယင်း​သို့​သ​ဘော ထား​အပ်​၏။ ယ​ခု​ငါ​အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ် အ​ခါ​နှင့်​သ​တင်း​ကောင်း​ကို​လွတ်​လပ်​စွာ​သက် သေ​ခံ​တည်​တံ့​ခိုင်​မြဲ​စေ​ခွင့်​ရ​စဉ်​အ​ခါ​က သင်​တို့​သည်​ငါ့​အား​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​အ​ခွင့်​ထူး​တွင်​ပါ​ဝင်​လုပ်​ဆောင်​ကြ ပေ​သည်။-

သ​ခင်​ဘု​ရား​သည်​သြ​နေ​သိ​ဖော်​၏​အိမ် ထောင်​အား​က​ရု​ဏာ​ထား​တော်​မူ​ပါ​စေ သော။ ထို​သူ​သည်​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် ငါ့​အား​စိတ်​သက်​သာ​စေ​၏။ ငါ​သည်​အ​ကျဉ်း သား​ဖြစ်​လျက်​နေ​သော်​လည်း​သူ​သည်​ငါ့ အ​တွက်​မ​ရှက်​ဘဲ၊-

ငါ​သည်​ထို​သ​တင်း​ကောင်း​အ​တွက်​ကြောင့် ရာ​ဇ​ဝတ်​ကောင်​ကဲ့​သို့​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သံ​ကြိုး​များ​နှင့်​ပင်​အ​ချည်​အ​နှောင်​ခံ​ရ​၏။ သို့​သော်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် မူ​ကား​ချုပ်​နှောင်​မှု​နှင့်​ကင်း​လွတ်​၏။-

``ကောင်း​ပြီ။ ငါ​တို့​သည်​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက်​သို့​အပ်​နှံ​ပါ​အံ့။ သင့်​အား ငါ​တို့​သတ်​မည်​မ​ဟုတ်​ပါ'' ဟု​က​တိ​ပြု ကြ​၏။ ဤ​သို့​လျှင်​သူ​တို့​သည်​သူ့​အား​ကြိုး သစ်​နှစ်​ချောင်း​ဖြင့်​ချည်​နှောင်​ပြီး​လျှင်​ကျောက် ဆောင်​မှ​ပြန်​လည်​ခေါ်​ဆောင်​လာ​ကြ​၏။

သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ကြိုး​သစ်​ကို​ယူ ပြီး​လျှင် သူ့​အား​ချည်​နှောင်​လေ​သည်။ ထို နောက်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ​နေ ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ လူ​တို့​သည်​အ​ခန်း တစ်​ခု​ထဲ​တွင်​စောင့်​နေ​ကြ​၏။ သို့​ရာ​တွင် ရှံ​ဆုန်​သည်​မိ​မိ​လက်​များ​မှ​ကြိုး​တို့​ကို ချည်​မျှင်​သ​ဖွယ်​ဖြတ်​တောက်​လိုက်​လေ​သည်။

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လည်း​သူ့​အား ဖမ်း​ဆီး​ကာ​သူ​၏​မျက်​စိ​ကို​ဖောက်​ပြီး နောက် သူ့​အား​ဂါ​ဇ​မြို့​သို့​ခေါ်​ဆောင်​၍ ကြေး​ဝါ​ကြိုး​များ​ဖြင့်​ချည်​နှောင်​ပြီး​လျှင် ထောင်​ထဲ​၌​ကြိတ်​ဆုံ​ကျောက်​ကို​လှည့်​စေ ကြ​၏။-

သို့​ဖြစ်​၍​ဖိ​လိတ္တိ​ဘု​ရင်​တို့​သည်​မ​ခြောက်​သေး သော​လေး​ကြိုး​အ​သစ်​ခု​နစ်​ပင်​ကို​ဒေ​လိ​လ အား​ပေး​သ​ဖြင့် ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား ချည်​နှောင်​ထား​လိုက်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ