တမန်တော်ဝတ္ထု 21:3Common Language Bibleကျွန်ုပ်တို့သည်ကုပရုကျွန်းကိုမြင်ရသောအခါ ထိုကျွန်း၏တောင်ဘက်မှဖြတ်၍ရှုရိပြည်သို့ သင်္ဘောလွှင့်ကြလေသည်။ တုရုမြို့တွင်ကုန်ပစ္စည်း များကိုချရမည်ဖြစ်၍ ထိုမြို့တွင်သင်္ဘောကို ဆိုက်ကပ်ကြ၏။- အခန်းကိုကြည့်ပါ။ |
``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲ ဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ သင်တို့တွင်ငါပြုခဲ့ သည့်အံ့ဖွယ်အမှုအရာများကိုတုရုနှင့်ဇိဒုံမြို့ တို့တွင်သာပြုခဲ့ပါမူ ထိုမြို့တို့သည်ရှေးမဆွကပင် လျှင်လျှော်တေကိုဝတ်၍ပြာနှင့်လူးလျက်နောင်တ ရကြလိမ့်မည်။-
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည်လည်းအမင်္ဂလာရှိ၏။ သင်တို့တွင်ပြုခဲ့သည့်အံ့ဖွယ်အမှုအရာများ ကိုတုရုနှင့်ဇိဒုံမြို့တွင်သာပြုခဲ့ပါမူ ထိုမြို့ တို့သည်ရှေးမဆွကပင်လျှော်တေကိုဝတ်၍ ပြာ ထဲမှာထိုင်လျက်နောင်တရပြီးဖြစ်လိမ့်မည်။-
သခင်ယေရှုကိုယုံကြည်သူတို့သည် သတေဖန် အသတ်ခံရချိန်၌ဖြစ်ပေါ်လာသောနှိပ်စက် ညှဉ်းဆဲမှုကြောင့် အရပ်ရပ်သို့ကွဲလွင့်သွား ကြ၏။ ထိုသူအချို့တို့သည်ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့သို့တိုင်အောင် ရောက်ရှိကြ၏။ သူတို့သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုယုဒအမျိုး သားတို့အားသာဟောပြောကြ၏။-
ဟေရုဒ်မင်းသည်တုရုမြို့သားများနှင့် ဇိဒုန် မြို့သားတို့အပေါ်တွင်များစွာအမျက်ထွက် သဖြင့် ထိုမြို့သားတို့သည်စုရုံးလျက်မင်း ကြီးထံသို့လာရောက်ကြ၏။ ဦးစွာပထမ နန်းတော်အုပ် ဗလတ္တု၏အကူအညီကိုရယူ ကြ၏။ ထို့နောက်ဟေရုဒ်မင်းထံသို့ဝင်၍ငြိမ်း ချမ်းရေးအတွက် စကားကမ်းလှမ်းကြ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏ပြည်သည် ဟေရုဒ်မင်း၏ပြည်ကိုမှီခိုစားသောက်ရ သောကြောင့်ဖြစ်၏။
ဣသရေလအမျိုးသားတို့သည်ဗာလ ဘုရား၊ မောဘဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိ ဘုရားတို့ကိုဝတ်ပြုကိုးကွယ်ကာထာဝရ ဘုရားအားနောက်တစ်ဖန်ပြစ်မှားကြပြန်၏။ သူတို့သည်ထာဝရဘုရားအားပစ်ပယ်၍ ကိုယ်တော်ကိုဝတ်မပြုရှိမခိုးကြတော့ချေ။-