Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 21:2

Common Language Bible

ဖိ​နိတ်​ပြည်​သို့​သွား​မည့်​သင်္ဘော​တစ်​စင်း​ကို တွေ့​သ​ဖြင့် ထို​သင်္ဘော​ပေါ်​သို့​တက်​၍​ခ​ရီး ပြု​ကြ​ပြီး​နောက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ယော​န​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ထွက်​ပြေး​ရန်​ယုပ္ပေ​သင်္ဘော​ဆိပ်​သို့​သွား​၏။ ယုပ္ပေ​မြို့​သို့​ရောက်​လျှင်​စ​ပိန်​ပြည်​သို့​ထွက်​ခွာ​သွား​တော့​မည်​ဖြစ်​သော​သင်္ဘော​ကို​အ​ဆင်​သင့်​တွေ့​လေ​၏။ ယော​န​သည်​သင်္ဘော​ခ​ကို​ပေး​ပြီး​လျှင် ထာ​ဝ​ရ​ဘုရား​နှင့်​ဝေး​ရာ​စ​ပိန်​မြို့​သို့​သင်္ဘော​သား​များ​နှင့်​အ​တူ​လိုက်​ရန်​သင်္ဘော​ပေါ်​သို့​တက်​လေ​၏။

သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​သူ​တို့​သည် သ​တေ​ဖန် အ​သတ်​ခံ​ရ​ချိန်​၌​ဖြစ်​ပေါ်​လာ​သော​နှိပ်​စက် ညှဉ်း​ဆဲ​မှု​ကြောင့် အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​သွား ကြ​၏။ ထို​သူ​အ​ချို့​တို့​သည်​ဖိ​နိတ်​ပြည်၊ ကု​ပ​ရု​ကျွန်း၊ အန္တိ​အုတ်​မြို့​သို့​တိုင်​အောင် ရောက်​ရှိ​ကြ​၏။ သူ​တို့​သည်​ဘုရား​သခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ယု​ဒ​အ​မျိုး သား​တို့​အား​သာ​ဟော​ပြော​ကြ​၏။-

အ​သင်း​တော်​ဝင်​တို့​သည်​ထို​ကိုယ်​စား​လှယ်​အ​ဖွဲ့ အား မြို့​ပြင်​သို့​ရောက်​အောင်​လိုက်​ပို့​ကြ​၏။ ထို အ​ဖွဲ့​သည်​ဖိ​နိတ်​ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​တို့​ကို ဖြတ်​သွား​စဉ် လူ​မျိုး​ခြား​တို့​ဘု​ရား​သ​ခင်​ထံ သို့​ပြောင်း​လဲ​လာ​ကြ​ပုံ​ကို​ပြော​ပြ​ကြ​သ​ဖြင့် ညီ​အစ်​ကို​အ​ပေါင်း​တို့​သည်​လွန်​စွာ​ဝမ်း​မြောက် ကြ​၏။-

ကျွန်ုပ်​တို့​သည်​ကု​ပ​ရု​ကျွန်း​ကို​မြင်​ရ​သော​အ​ခါ ထို​ကျွန်း​၏​တောင်​ဘက်​မှ​ဖြတ်​၍​ရှု​ရိ​ပြည်​သို့ သင်္ဘော​လွှင့်​ကြ​လေ​သည်။ တု​ရု​မြို့​တွင်​ကုန်​ပစ္စည်း များ​ကို​ချ​ရ​မည်​ဖြစ်​၍ ထို​မြို့​တွင်​သင်္ဘော​ကို ဆိုက်​ကပ်​ကြ​၏။-

ထို​မြို့​တွင်​ဣ​တ​လိ​ပြည်​သို့​သွား​မည့်​အာ​လေ ဇန္ဒြိ​မြို့​မှ​ရောက်​ရှိ​လာ​သော​သင်္ဘော​တစ်​စင်း​ကို တွေ့​သ​ဖြင့် တပ်​မှူး​သည်​ကျွန်ုပ်​တို့​အား​ထို သင်္ဘော​ပေါ်​သို့​တက်​စေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ