တမန်တော်ဝတ္ထု 13:36Common Language Bibleဒါဝိဒ်သည်မိမိအသက်ရှင်စဉ်ကာလ၌ ဘုရား သခင်အကြံအစည်တော်ရှိသည်အတိုင်း လိုက်လျှောက်ဆောင်ရွက်ပြီးနောက်သေလွန်၍ ဘိုးဘေးများ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းကို ခံရ၏။ သူ၏ကိုယ်ခန္ဓာသည်သင်္ချိုင်းတွင်ပုပ် ပျက်သွားရ၏။- အခန်းကိုကြည့်ပါ။ |
အတိတ်ကာလကရှောလုမင်းဘုရင်ဖြစ်စဉ် အခါ၌ပင်လျှင် အရှင်သည်ဣသရေလပြည် သားတို့အားရှေ့ဆောင်၍တိုက်ပွဲဝင်ခဲ့ပါ၏။ အရှင်၏ဘုရားသခင်ထာဝရဘုရားက လည်း အရှင်သည်ကိုယ်တော့်လူမျိုးတော်၏ ခေါင်းဆောင်၊ သူတို့၏ဘုရင်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့ပါ၏'' ဟုလျှောက်ထား ကြ၏။-
ထိုနောက်ဘုရားသခင်သည်ရှောလုကိုဖယ် ရှားပြီးလျှင် ဒါဝိဒ်အားဣသရေလဘုရင် အဖြစ်ချီးမြှောက်တော်မူ၏။ ဘုရားသခင်က `ယေရှဲ၏သားဒါဝိဒ်သည်ငါ၏စိတ်တော်နှင့် တွေ့သူ၊ ငါဆောင်ရွက်စေလိုသမျှတို့ကိုဆောင် ရွက်မည့်သူဖြစ်ကြောင်းငါတွေ့ရှိရပြီ' ဟု ဒါဝိဒ်နှင့်ပတ်သက်၍မိန့်တော်မူ၏။-