Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 13:34

Common Language Bible

နောက်​တစ်​ဖန်​သင်္ချိုင်း​တွင်​မ​ပုပ်​ပျက်​ဘဲ​သေ​ခြင်း မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​နှင့်​ပတ် သက်​၍​ဘု​ရား​သ​ခင်​က၊ `ဒါ​ဝိဒ်​အား​ကောင်း​ချီး​ပေး​ရန်​က​တိ​ပြု​ခဲ့​သည့် နည်း​တူ၊ သင်​တို့​အား​လည်း​ယုံ​ကြည်​စိတ်​ချ​ရ​သည့် မြတ်​သော​ကောင်း​ချီး​ပေး​ရန်​ငါ​ပေး​မည်' ဟူ​၍​မိန့်​တော်​မူ​သည်။ အ​ခြား​ဆာ​လံ​တွင်၊ `ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​စောင့်​သည့် အ​စေ​ခံ​ကို သင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်' ဟု​ပါ​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​သည်​ငါ​၏​သား မြေး​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် မ​ပျက်​နိုင်​မ​ပြောင်း​လဲ​နိုင်​သော၊ထာ​ဝ​ရ ပ​ဋိ​ညာဉ်​ကို ငါ​နှင့်​ပြု​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​၏​လို​အင်​ဆန္ဒ​ပြည့်​စုံ​ပြီ။ ဤ​ကား​ငါ​၏​အောင်​ပွဲ​ပေ​တည်း။ ယင်း​သို့​ဖြစ်​စေ​ရန်​ဘု​ရား​သ​ခင်​သည် ဧ​ကန်​မု​ချ​စီ​မံ​တော်​မူ​လိမ့်​မည်။

``အို ငါ​၏​လူ​မျိုး​တော်၊ငါ့​စ​ကား​ကို​နား​ထောင်​၍ ငါ့​ထံ​သို့​လာ​ကြ​လော့။ ဤ​သို့​ပြု​လျှင်​သင်​တို့​သည်​အ​သက်​ရှင်​ခွင့် ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​ပြီး​လျှင်၊ ဒါ​ဝိဒ်​အား​က​တိ​ထား​ခဲ့​သည့်​ကောင်း​ချီး မင်္ဂ​လာ​များ​ကို​သင်​တို့​အား​ချ​ပေး​မည်။

မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​၏ အ​မှု​တော်​ကို​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင် အ​ဖြစ်​ငါ​ခန့်​ထား​မည့်​ဒါ​ဝိဒ်​မင်း​ဆက်​၏ အ​မှု​တော်​ကို​လည်း​ကောင်း​ထမ်း​ဆောင်​ရ​ကြ လိမ့်​မည်။

ဤ​သို့​ငါ​ပြု​ခဲ့​သည်​မှာ​သေ​ချာ​သ​ကဲ့​သို့ ယာ​ကုပ်​၏​သား​မြေး​များ​နှင့်​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​နှင့်​လည်း​ကောင်း​ထား ရှိ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​သေ ချာ​၏။ ငါ​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ် တို့​၏​သား​မြေး​များ​ကို​အုပ်​စိုး​ရန်​အ​တွက် ဒါ​ဝိဒ်​၏​အ​မျိုး​အ​နွယ်​တစ်​ဦး​ကို​ရွေး ကောက်​မည်။ ငါ​၏​လူ​မျိုး​တော်​အား​တစ်​ဖန် ပြန်​၍​ကောင်း​စား​စေ​မည်။ ငါ​သည်​သူ​တို့ ၏​အ​ပေါ်​၌​က​ရု​ဏာ​ထား​မည်'' ဟု မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင် ဒါ​ဝိဒ်​မင်း​၏​အ​ဆက်​အ​နွယ်​ထံ​သို့​လည်း ကောင်း​ပြန်​လာ​မည့်​အ​ချိန်​ကျ​ရောက်​လိမ့် မည်။ ထို​အ​ခါ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား​ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်။ ကိုယ် တော်​သည်​လည်း​သူ​တို့​အား​ကောင်း​ချီး မင်္ဂ​လာ​ကို​ချ​ပေး​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က``ပြို​ပျက်​နေ​သော​အိုး​အိမ် ပ​မာ​ဖြစ်​နေ​သည့်​ဒါ​ဝိဒ်​နိုင်​ငံ​ကို ငါ​သည်​ပြန် လည်​၍​တည်​ဆောက်​သော​အ​ချိန်​ရောက်​လိမ့်​မည်။ ကွဲ​အက်​နေ​သော​နံ​ရံ​တံ​တိုင်း​တို့​ကို​ငါ​ပြန် ပြု​ပြင်​မည်။ ရှေး​အ​ခါ​က​တည်​နေ​သ​ကဲ့ သို့​ငါ​ပြန်​လည်​ထူ​ထောင်​မည်။-

ထို​ကာ​လ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင် သူ​လူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​သည်​ကွယ် ကာ​စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်​၍ သူ​တို့​အ​နက်​အင်​အား​အ​ချိ​နဲ့​ဆုံး​သော သူ​များ​ပင်​လျှင် ဒါ​ဝိဒ်​ကဲ့​သို့​ကြံ့​ခိုင်​၍ လာ​လိမ့်​မည်။ ဒါ​ဝိဒ်​၏​သား​မြေး​များ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ကဲ့ သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​ကဲ့​သို့​လည်း​ကောင်း​သူ​တို့​အား​ဦး စီး​ခေါင်း​ဆောင်​ပြု​လိမ့်​မည်။-

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် ထို​အ​ရှင်​ကို သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​၏။-

သို့​ရာ​တွင်​သေ​ခြင်း​မှ​ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​သော​အ​ရှင်​၏​ကိုယ်​ခန္ဓာ ကား​ထို​သို့​ပုပ်​ပျက်​ခြင်း​မ​ရှိ။-

သို့​ရာ​တွင်​ထို​အ​ရှင်​ကို​သေ​မင်း​သည်​အ​စဉ် အ​မြဲ​ချုပ်​နှောင်​ထား​ရန်​မ​ဖြစ်​နိုင်။ ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် သူ့​အား​သေ​ခြင်း​၏​တန်​ခိုး မှ​လွတ်​မြောက်​စေ​၍​ရှင်​ပြန်​ထ​မြောက်​စေ​တော် မူ​၏။-

ခ​ရစ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​သ​ဖြင့် နောင်​အ​စဉ်​သေ​ခြင်း​တ​ရား​နှင့် ကင်း​လွတ်​တော်​မူ​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ သေ​ခြင်း​တ​ရား​သည်​ကိုယ်​တော်​ကို​အ​စိုး​မ​ရ တော့​ပေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ