Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 12:19

Common Language Bible

ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​ရှာ​စေ​ရာ​မ​တွေ့ သ​ဖြင့် အ​စောင့်​စစ်​သား​တို့​အား​စစ်​ဆေး​မေး မြန်း​၍ သေ​ဒဏ်​ပေး​ရန်​အ​မိန့်​ချ​မှတ်​လိုက်​လေ သည်။ ထို​နောက်​ဟေ​ရုဒ်​မင်း​သည် ယု​ဒ​ပြည်​မှ​ထွက်​ခွာ ၍ ကဲ​သ​ရိ​မြို့​တွင်​ကာ​လ​အ​နည်း​ငယ်​စံ​နေ တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည် ပူ​ပင်​စိုး​ရိမ်​စိတ်​ပျက်​အား လျော့​လျက် ရှ​မာ​ရိ​မြို့​နန်း​တော်​သို့​ပြန် တော်​မူ​၏။

ထို​နောက်​မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​ဝ သို့​ပြန်​ရောက်​လေ​၏။ ဟာ​မန်​မူ​ကား​ညည်း တွား​၍ ဦး​ခေါင်း​ခြုံ​လျက်​အိမ်​သို့​ပြန်​ပြီး လျှင်၊-

ထို​နောက်​သူ​သည်​အာ​ဇ​ရေ​လ​၏​သား၊ စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​၏​သား​ရှေ​လ​မိ​တို့​နှင့်​အ​တူ သား​တော်​ယေ​ရ​မေ​လ​အား ငါ​နှင့်​ငါ​၏​စာ ရေး​ဗာ​ရုတ်​ကို​ဖမ်း​ဆီး​ရန်​အ​မိန့်​ပေး​လေ သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ တို့​နှစ်​ယောက်​အား​ဝှက်​ထား​တော်​မူ​၏။

ဟေ​ရုဒ်​မင်း​၏​လက်​ထက်၊ ယု​ဒ​ပြည်​ဗက်​လင်​မြို့ တွင် မယ်​တော်​မာ​ရိ​သည်​သူ​ငယ်​တော်​ယေ​ရှု​ကို ဖွား​မြင်​လေ​သည်။ ထို​အ​ခါ​အ​ရှေ့​တိုင်း​နိုင်​ငံ မှ​ပ​ညာ​ရှိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက် လာ​ပြီး​လျှင်၊-

ပ​ညာ​ရှိ​များ​ထွက်​ခွာ​သွား​ကြ​ပြီး​နောက်​ယော​သပ် သည် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး ကို​အိပ်​မက်​တွင်​မြင်​ရ​၏။ ကောင်း​ကင်​တ​မန်​က ``ထ လော့၊ သူ​ငယ်​တော်​နှင့်​မယ်​တော်​ကို​ခေါ်​၍​အီ​ဂျစ် ပြည်​သို့​ထွက်​ပြေး​လော့။ ဟေ​ရုဒ်​မင်း​သည်​သူ​ငယ် တော်​ကို​သတ်​ရန်​ရှာ​လိမ့်​မည်။ သင်​တို့​အား​ပြန် လာ​ရန်​ငါ​အ​မိန့်​မ​ပေး​မ​ချင်း​ထို​အ​ရပ်​တွင် နေ​လော့'' ဟု​ဆို​၏။-

ဟေ​ရုဒ်​မင်း​သည်​မိ​မိ​အား​ပ​ညာ​ရှိ​တို့​လှည့်​စား သွား​ကြ​ကြောင်း​ကို​သိ​လျှင် ပြင်း​စွာ​အ​မျက်​ထွက် လေ​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​ထံ​မှ​စုံ​စမ်း​သိ​ရှိ​ရ သည့်​အ​တိုင်း​ကြယ်​ပေါ်​ထွန်း​ရာ​အ​ချိန်​ကာ​လ ကို​ထောက်​လျက် ဗက်​လင်​မြို့​နှင့်​အ​နီး​ပတ်​ဝန်း​ကျင် ကျေး​ရွာ​များ​ရှိ​နှစ်​နှစ်​အ​ရွယ်​နှင့်​နှစ်​နှစ်​အောက် သူ​ငယ်​အ​ပေါင်း​တို့​ကို​သတ်​စေ​၏။

မိုး​လင်း​သော​အ​ခါ ``ပေ​တ​ရု​အ​ဘယ်​မှာ နည်း'' ဟု​ဆို​၍ အ​စောင့်​စစ်​သား​တို့​သည်​လွန် စွာ​ကြောက်​လန့်​တုန်​လှုပ်​ကြ​၏။-

ဟေ​ရုဒ်​သည်​ပေ​တ​ရု​ကို​ဖမ်း​ဆီး​ပြီး​နောက် စစ် သား​လေး​ယောက်​စီ​ပါ​သော​တပ်​စု​ငယ်​လေး​စု လက်​သို့​အပ်​ကာ​အ​ကျဉ်း​ချ​ထား​၏။ ပ​သ​ခါ ပွဲ​လွန်​သော​အ​ခါ သူ့​ကို​ယု​ဒ​အ​မျိုး​သား တို့​ရှေ့​တွင်​စစ်​ဆေး​၍​ဒဏ်​စီ​ရင်​ရန်​အ​ကြံ ရှိ​၏။-

ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​လူ​တို့​ရှေ့​သို့ ခေါ်​ထုတ်​စစ်​ဆေး​မည့်​နေ့​မ​ရောက်​မီ​ည​၌ ပေ​တ​ရု​သည်​စစ်​သား​နှစ်​ယောက်​၏​ကြား​တွင် အိပ်​ပျော်​လျက်​နေ​၏။ သူ့​ကို​သံ​ကြိုး​နှစ်​ချောင်း ဖြင့်​ချည်​နှောင်​ထား​၏။ ထောင်​တံ​ခါး​ရှေ့​တွင်​လည်း အ​စောင့်​တပ်​သား​များ​သည်​စောင့်​ကြပ်​လျက် ရှိ​ကြ​၏။-

ထောင်​မှူး​သည်​အိပ်​ရာ​မှ​နိုး​၍​ထောင်​တံ​ခါး များ​ပွင့်​လျက်​နေ​သည်​ကို​မြင်​လျှင် အ​ကျဉ်း သား​များ​ထွက်​ပြေး​ကြ​ပြီ​ဟု​ထင်​မှတ်​သ​ဖြင့် ဋ္ဌား​ကို​ဆွဲ​ထုတ်​ပြီး​လျှင်​မိ​မိ​ကိုယ်​ကို​သတ် မည်​ပြု​၏။-

နောက်​တစ်​နေ့​၌​ထွက်​ခွာ​ပြန်​ရာ​ကဲ​သ​ရိ​မြို့ သို့​ရောက်​ကြ​၏။ ကျွန်ုပ်​တို့​သည်​ဧ​ဝံ​ဂေ​လိ တ​ရား​ဟော​ဆ​ရာ​ဖိ​လိပ္ပု​၏​အိမ်​တွင်​တည်း ခို​ကြ​၏။ ဖိ​လိပ္ပု​ကား​တ​ပည့်​တော်​များ​ကို ကူ​ညီ​ရန် ယေ​ရု​ရှ​လင်​မြို့​အ​သင်း​တော်​က ရွေး​ချယ်​သော​လူ​ခု​နစ်​ဦး​တို့​တွင်​တစ်​ဦး ဖြစ်​၏။-

ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အ​ဂြိပ္ပ​မင်း​ကြီး​နှင့်​မိ​ဖု​ရား​ဗေ​ရ​နိတ် တို့​သည် ကဲ​သ​ရိ​မြို့​သို့​ရောက်​နေ​သော ဘု​ရင်​ခံ​ဖေတ္တု​အား​နှုတ်​ဆက်​ရန် ကဲ​သ​ရိ မြို့​သို့​လာ​ကြ​၏။-

ထို​အ​ခါ​စစ်​သား​များ​သည်​အ​ကျဉ်း​သား​တို့ ရေ​ကူး​၍​ထွက်​ပြေး​မည်​ကို​စိုး​ရိမ်​သ​ဖြင့် သူ တို့​အား​အ​သေ​သတ်​ရန်​ကြံ​စည်​ကြ​၏။-

ဖိ​လိပ္ပု​သည်​အာ​ဇုတ်​မြို့​သို့​မိ​မိ​ရောက်​ရှိ​နေ သည်​ကို​သိ​ရ​၏။ ထို​နောက်​သူ​သည်​ကဲ​သ​ရိ မြို့​သို့​သွား​၏။ လမ်း​ခ​ရီး​တွင်​တစ်​မြို့​ပြီး တစ်​မြို့​သို့​ဝင်​၍​သ​တင်း​ကောင်း​ကို​ဟော ပြော​ကြေ​ညာ​လေ​သည်။

ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​တောင်​ထူ ထပ်​သော​အ​ရပ်​တွင်​ပုန်း​အောင်း​လျက်​နေ​၏။ ရှော​လု​သည်​သူ့​အား​အ​ချိန်​ရှိ​သ​မျှ​ကြိုး စား​၍​ရှာ​ဖွေ​သော်​လည်း ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​အား​ရှော​လု​၏​လက်​သို့​ပေး​အပ်​တော် မ​မူ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ