မိုးလင်းသောအခါ ``ပေတရုအဘယ်မှာ နည်း'' ဟုဆို၍ အစောင့်စစ်သားတို့သည်လွန် စွာကြောက်လန့်တုန်လှုပ်ကြ၏။-
ပေတရုကဆိတ်ဆိတ်နေကြရန်လက်ရိပ်ပြ ပြီးလျှင် မိမိအားသခင်ဘုရားသည်အဘယ် သို့ထောင်ထဲမှထုတ်ဆောင်လာကြောင်းကိုပြော ပြလေ၏။ ထိုနောက် ``ဤအကြောင်းကိုယာကုပ် နှင့်အခြားညီအစ်ကိုတို့အားပြောပြကြပါ'' ဟုမှာကြားပြီးလျှင်အခြားအရပ်သို့ထွက် ခွာသွား၏။
ဟေရုဒ်မင်းသည်ပေတရုကိုရှာစေရာမတွေ့ သဖြင့် အစောင့်စစ်သားတို့အားစစ်ဆေးမေး မြန်း၍ သေဒဏ်ပေးရန်အမိန့်ချမှတ်လိုက်လေ သည်။ ထိုနောက်ဟေရုဒ်မင်းသည် ယုဒပြည်မှထွက်ခွာ ၍ ကဲသရိမြို့တွင်ကာလအနည်းငယ်စံနေ တော်မူ၏။
ထောင်မှူးသည်အိပ်ရာမှနိုး၍ထောင်တံခါး များပွင့်လျက်နေသည်ကိုမြင်လျှင် အကျဉ်း သားများထွက်ပြေးကြပြီဟုထင်မှတ်သဖြင့် ဋ္ဌားကိုဆွဲထုတ်ပြီးလျှင်မိမိကိုယ်ကိုသတ် မည်ပြု၏။-
ထိုအချိန်၌သခင်ဘုရားလမ်းစဉ်တော်၏ အတွက်ကြောင့် ဧဖက်မြို့တွင်ဆူပူလှုပ်ရှား မှုကြီးတစ်ရပ်ဖြစ်ပေါ်လာ၏။-