Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 12:12

Common Language Bible

ဤ​သို့​သိ​ရှိ​လာ​သော​အ​ခါ သူ​သည်​ယော​ဟန် မာ​ကု​၏​အ​မိ​မာ​ရိ​၏​အိမ်​သို့​သွား​၏။ ထို အိမ်​တွင်​လူ​အ​မြောက်​အ​မြား​စု​ဝေး​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ပြု​သည့်​ဆု​တောင်း​ပတ္ထ​နာ​မ​ပြီး​မ​ဆုံး မီ​၌​ပင်​လျှင် ငါ​သည်​သူ​တို့​၏​ပန်​ကြား​ချက် ကို​နား​ညောင်း​မည်။-

ဗာ​န​ဗ​နှင့်​ရှော​လု​တို့​သည် မိ​မိ​တို့​ဆောင်​ရွက် ရန်​ရှိ​သည့်​အ​မှု​ကိစ္စ​များ​ကို​ဆောင်​ရွက်​ကြ ပြီး​နောက် ယော​ဟန်​မာ​ကု​ကို​ခေါ်​၍​ယေ​ရု ရှ​လင်​မြို့​မှ​ပြန်​ခဲ့​ကြ​၏။

သို့​ဖြစ်​၍​ပေ​တ​ရု​သည်​ထောင်​ထဲ​မှာ​အ​ကျဉ်း ချ​ထား​ခြင်း​ကို​ခံ​ရ​၏။ သို့​သော်​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​သည်​ပေ​တ​ရု​၏​အ​တွက် စိတ် အား​ထက်​သန်​စွာ​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။

ပေါ​လု​နှင့်​အ​ပေါင်း​ဖော်​များ​သည်​ပါ​ဖု​မြို့​မှ သင်္ဘော​လွှင့်​၍ ပံ​ဖု​လိ​ပြည်​ပေ​ရ​ဂေ​မြို့​သို့​ရောက် ကြ​၏။ ထို​အ​ခါ​ယော​ဟန်​မာ​ကု​သည်​သူ​တို့ နှင့်​ခွဲ​ခွာ​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လေ​၏။-

သူ​တို့​သည်​ရှာ​လ​မိ​မြို့​သို့​ရောက်​သော​အ​ခါ တ​ရား​ဇ​ရပ်​များ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။ ယော​ဟန်​မာ​ကု​သည်​သူ​တို့​၏​လက်​ထောက် အ​ဖြစ်​ကူ​ညီ​ဆောင်​ရွက်​၏။

သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကျဉ်း​ထောင်​မှ​ထွက်​ခွာ ၍ လု​ဒိ​၏​အိမ်​သို့​သွား​ကြ​၏။ ထို​နောက်​ယုံ​ကြည် သူ​တို့​နှင့်​တွေ့​ဆုံ​ကာ​အား​ပေး​စ​ကား​ပြော ကြား​ပြီး​လျှင် ထို​မြို့​မှ​ထွက်​ခွာ​သွား​ကြ​လေ သည်။

ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​လွတ်​မြောက်​လာ ကြ​သော​အ​ခါ မိ​မိ​တို့​၏​လူ​စု​ထံ​သို့​ပြန်​ပြီး လျှင် ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​ပြော​ကြား​လိုက်​သ​မျှ​တို့ ကို​ပြန်​ပြော​ကြ​၏။-

ငါ​တို့​နှင့်​အ​တူ​အ​ကျဉ်း​ခံ​နေ​ရ​သူ​အာ​ရိတ္တာ​ခု၊ ဗာ​န​ဗ​၏​ညီ​ဝမ်း​ကွဲ​တော်​သူ​မာ​ကု​နှင့်​ယုတ္တု ခေါ်​ယော​ရှု​တို့​က​သင်​တို့​ကို​နှုတ်​ဆက်​လိုက် ကြ​၏။ (သင်​တို့​ထံ​မာ​ကု​ရောက်​ရှိ​လာ​သော အ​ခါ ကြို​ဆို​ကြ​ရန်​ညွှန်​ကြား​ချက်​များ​ကို သင်​တို့​ရ​ရှိ​ကြ​ပြီး​ဖြစ်​၏။) ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​တွက်​ငါ​နှင့်​အ​တူ​လုပ်​ဆောင် လျက်​ရှိ​သော​ယု​ဒ​ယုံ​ကြည်​သူ​များ​မှာ ထို​သူ​သုံး​ဦး​သာ​လျှင်​ဖြစ်​ပေ​သည်။ ဤ​သူ တို့​သည်​ကား​ငါ့​အား​များ​စွာ​ကူ​ညီ​ကြ သူ​များ​ဖြစ်​သည်။

လု​ကာ​တစ်​ဦး​တည်း​သာ​လျှင်​ငါ​နှင့်​အ​တူ​ရှိ တော့​၏။ မာ​ကု​ကို​ရှာ​၍​သင်​နှင့်​အ​တူ​ခေါ်​ခဲ့ လော့။ သူ​သည်​ငါ​၏​လုပ်​ငန်း​တွင်​ကူ​ညီ​နိုင်​သူ ဖြစ်​ပေ​သည်။-

ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​များ​ဖြစ်​ကြ​သည့် မာ​ကု၊ အာ​ရိတ္တ​ခု၊ ဒေ​မ​နှင့်​လု​ကာ​တို့​က လည်း​ကောင်း​သင့်​ကို​နှုတ်​ဆက်​ကြ​၏။-

ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ​ခြင်း​ကို သင်​တို့ နည်း​တူ​ခံ​ရ​သည့်​ဗာ​ဗု​လုန်​မြို့​အ​သင်း​တော် ဝင်​တို့​က​သင်​တို့​အား​နှုတ်​ဆက်​လိုက်​၏။ ငါ့ သား​မာ​ကု​က​လည်း​နှုတ်​ဆက်​လိုက်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ