တမန်တော်ဝတ္ထု 12:11Common Language Bibleပေတရုသည်ပြန်၍သတိရလာသောအခါ ``သခင်ဘုရားသည်မိမိ၏ကောင်းကင်တမန် ကိုစေလွှတ်၍ ငါ့ကိုဟေရုဒ်၏လက်မှလည်း ကောင်း၊ ယုဒအမျိုးသားတို့ငါ့အားသက်ရောက် စေရန် မျှော်လင့်သမျှသောဘေးမှလည်းကောင်း ကယ်ဆယ်တော်မူသည်ကိုယခုငါသိပြီ'' ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့က``မှန်ပါသည်အရှင်မင်းကြီး'' ဟုလျှောက်ထားလျှင်၊ မင်းကြီးက``ယင်းသို့ဖြစ်ပါမူမီးထဲတွင် လူလေးယောက်သွားလာနေသည်ကိုအဘယ် ကြောင့်ငါမြင်ရပါသနည်း။ သူတို့အား တုပ်နှောင်ထားခြင်းလည်းမရှိ၊ သူတို့သည် မီးလောင်ခံကြရပုံလည်းမပေါ်။ ထို့ပြင် စတုတ္ထလူသည်ကောင်းကင်တမန် နှင့်တူသည်'' ဟုမိန့်တော်မူ၏။
မင်းကြီးက``ရှာဒရက်၊ မေရှက်နှင့်အဗေဒ နေဂေါတို့ကိုးကွယ်သောဘုရားသခင်ကို ထောမနာပြုကြလော့။ ကိုယ်တော်သည်ကောင်း ကင်တမန်ကိုစေလွှတ်တော်မူ၍ မိမိကိုယုံ ကြည်ကိုးစားကြသောဤသူသုံးဦးတို့ အားကယ်တင်တော်မူ၏။ သူတို့သည်မိမိ တို့၏ဘုရားမှတစ်ပါးအခြားဘုရားကို ဦးညွှတ်ရှိခိုးမည့်အစား မိမိတို့အသက် ဘေးကိုပင်ပမာဏမပြုဘဲငါ၏အမိန့် ကိုဖီဆန်ခဲ့ကြ၏။
ခြင်္သေ့တို့သည်အကျွန်ုပ်အားဘေးအန္တရာယ် မပြုနိုင်စေရန်ဘုရားသခင်သည် မိမိ၏ ကောင်းကင်တမန်ကိုစေလွှတ်၍ခြင်္သေ့တို့ ၏နှုတ်ကိုပိတ်ထားတော်မူပါ၏။ ဤကဲ့သို့ ပြုတော်မူခြင်းမှာအကျွန်ုပ်၌အပြစ်မ ရှိကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် အရှင်မင်းကြီးအားမပြစ်မှားခဲ့ကြောင်း ကိုလည်းကောင်းသိတော်မူသောကြောင့် ဖြစ်ပါ၏'' ဟုလျှောက်လေ၏။
သို့ဖြစ်၍ဘုရားကြည်ညိုသူတို့အားမိမိ တို့ခံရသောစုံစမ်းနှောင့်ယှက်ခြင်းများမှ ကယ်တင်တော်မူရန်လည်းကောင်း၊ သူယုတ်မာ များအထူးသဖြင့်မိမိတို့၏ကိလေသာ စိတ်ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင် အာဏာတော်ကိုမထီမဲ့မြင်ပြုသူများ အားတရားစီရင်တော်မူရာနေ့တိုင်အောင် ပြစ်ဒဏ်ပေးထားရန်လည်းကောင်းထာဝရ ဘုရားပြုတော်မူတတ်၏။ ထိုမိစ္ဆာဆရာတို့သည်အတင့်ရဲ၍မာန ထောင်လွှားလျက် တန်ခိုးကြီးသောကောင်း ကင်သားတို့အားမရိုသေဘဲစော်ကား ပြောဆိုကြ၏။-