တမန်တော်ဝတ္ထု 11:3Common Language Bibleသူတို့က ``သင်သည်အရေဖျားလှီးမင်္ဂလာ ကို မခံမယူသူလူမျိုးခြားများထံလည် ပတ်၍ သူတို့နှင့်အတူစားသောက်ပါသည် တကား'' ဟုဆိုကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုသူတို့အားပေတရုက ``ယုဒအမျိုးသား သည်လူမျိုးခြားများနှင့်မပေါင်းမသင်းရ ဟူ၍လည်းကောင်း၊ သူတို့၏ထံသို့အလည် အပတ်မသွားရဟူ၍လည်းကောင်း၊ ဘာသာ တရားကတားမြစ်သည်ကိုသင်တို့သိကြ၏။ သို့သော်မည်သူ့ကိုမျှဘာသာရေးထုံးနည်း အရညစ်ညမ်းသူသို့မဟုတ် မသန့်စင်သူ ဟူ၍မခေါ်စေရန် ဘုရားသခင်သည်ငါ့ အားဖော်ပြတော်မူပြီ။-
ယာကုပ်စေလွှတ်လိုက်သောသူများမရောက်မီ သူသည်လူမျိုးခြားတို့နှင့်အတူစားသောက် လျက်နေ၏။ သို့သော်လည်းယာကုပ်စေလွှတ် လိုက်သောသူတို့ရောက်ရှိလာသောအခါ၌ မူကား လူမျိုးခြားတို့နှင့်ပေါင်းဖော်စား သောက်မှုကိုမပြုတော့ချေ။ အဘယ်ကြောင့် ဆိုသော်သူသည်လူမျိုးခြားတို့အား အရေ ဖျားလှီးမင်္ဂလာခံစေလိုသောသူတို့ကို ကြောက်သောကြောင့်ဖြစ်သည်။-