ယေရုရှလင်မြို့သို့ပေတရုရောက်လာသော အခါ လူမျိုးခြားတို့အားအရေဖျားလှီး မင်္ဂလာပေးခြင်းကိုလိုလား သူတို့သည် ပေတရုနှင့်ဆွေးနွေးငြင်းခုံကြ၏။-
လူမျိုးခြားတို့သည်လည်းသန့်ရှင်းသော ဝိညာဉ်တော်ဆုကျေးဇူးကိုခံယူရရှိကြ သည်ဖြစ်၍ ပေတရုနှင့်အတူလိုက်လာကြ သောယုံကြည်သူယုဒအမျိုးသားတို့ သည်လွန်စွာအံ့သြကြ၏။-
ထိုသူတို့သည်ခရီးပြုကြရာနောက်တစ်နေ့ ၌ယုပ္ပေမြို့အနီးသို့ရောက်ကြ၏။ မွန်းတည့် ချိန်ခန့်တွင်ပေတရုသည် ဆုတောင်းရန်အိမ် အမိုးပေါ်သို့တက်လေသည်။-
လူအချို့တို့သည်ယုဒပြည်မှအန္တိအုတ်မြို့ သို့သွားရောက်၍ ညီအစ်ကိုတို့အား ``သင်တို့ သည်မောရှေ၏ပညတ်တရားအရ အရေ ဖျားလှီးမင်္ဂလာကိုမခံယူလျှင်ကယ်တင် ခြင်းမရနိုင်'' ဟုဟောပြောသွန်သင်ကြ၏။-
သို့ရာတွင်ဖာရိရှဲအဖွဲ့ဝင်များအနက် ယုံ ကြည်သူလူအချို့တို့သည်ထ၍ ``လူမျိုးခြား တို့သည်အရေဖျားလှီးမင်္ဂလာခံရမည်။ မောရှေ ၏ပညတ်တရားကိုစောင့်ထိန်းရမည်'' ဟုဆို ကြ၏။
ထိုတရားကိုတော်လှန်ကာအကျိုးမဲ့သည့် စကားများအားဖြင့်လှည့်စားတတ်သူအများ အပြားပင်ရှိ၏။ အထူးသဖြင့်ယုဒဘာသာမှ ခရစ်ယာန်ဘာသာသို့ကူးပြောင်းလာသူတို့ အထဲတွင်ရှိပေသည်။-