Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဇာ​ခ​ရိ 8:2

Common Language Bible

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဇိ​အုန် မြို့​သူ​မြို့​သား​တို့​အ​ပေါ်​၌​ငါ​ထား​ရှိ​သည့် နက်​နဲ​သော​မေတ္တာ​ကြောင့်​သူ​တို့​၏​ရန်​သူ​များ အ​ပေါ်​အ​မျက်​ထွက်​စေ​သည့် ငါ​၏​မေတ္တာ​ကို ထောက်​၍​ငါ​သည်​ထို​မြို့​အား​ကူ​မ​ရန် တောင့်​တ​လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့် အ​တူ ရှော​လု​မင်း​ကို​တိုက်​ရန်​စစ်​ချီ​သွား သော​အ​ခါ မ​နာ​ရှေ​အ​နွယ်​ဝင်​စစ်​သူ​ရဲ အ​ချို့​တို့​သည် ဒါ​ဝိဒ်​ဘက်​သို့​ဝင်​ရောက်​လာ ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့ က​ဒါ​ဝိဒ်​သည် မိ​မိ​၏​အ​ရှင်​ဟောင်း​ရှော​လု ဘက်​သို့​ပါ​၍​သူ​တို့​ကို​သစ္စာ​ဖောက်​လိမ့်​မည် ဟု​စိုး​ရိမ်​သ​ဖြင့် သူ့​အား​ဇိ​က​လတ်​မြို့​သို့ ပြန်​လွှတ်​လိုက်​ကြ​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည် စင်​စစ်​အား​ဖြင့် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ဘက်​မှ​ကူ​၍​စစ်​မ​တိုက်​ခဲ့​ရ​ပေ။-

ကိုယ်​တော်​သည်​တ​ရား​မျှ​တ​မှု​တည်း​ဟူ​သော သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​လျက် ကယ်​တင်​တော်​မူ ခြင်း​တည်း​ဟူ​သော​သံ​ခ​မောက်​လုံး​ကို​ဆောင်း တော်​မူ​လိမ့်​မည်။ ပြင်း​ပြ​သော​မေတ္တာ​တော်​တည်း ဟူ​သော​ဝတ်​လုံ​ကို​လည်း​ကောင်း လူ​တို့​ခံ​ကြ သည့်​မ​တ​ရား​မှု​များ​အ​တွက်​လက်​စား​ချေ တော်​မူ​ခြင်း​တည်း​ဟူ​သော​အ​ဝတ်​ကို​လည်း ကောင်း ဝတ်​ဆင်​တော်​မူ​လိမ့်​မည်။-

အို ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​မြင့်​မြတ်​၍​ဘုန်း အ​သ​ရေ​တော်​တောက်​ပ​ရာ​ကောင်း​ကင်​ဘုံ​တည်း ဟူ​သော ကိုယ်​တော်​ရှင်​ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ် မှ​နေ​၍​ကျွန်​တော်​မျိုး​တို့​အား​ငုံ့​၍​ကြည့်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အ​တွက်​ကိုယ်​တော်​ရှင် စိုး​ရိမ်​ကြောင့်​ကြ​တော်​မူ​သည်​ကား​အ​ဘယ်​မှာ နည်း။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​သည်​အ​ဘယ် မှာ​နည်း။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​နှင့်​သ​နား​ကြင် နာ​မှု​သည်​အ​ဘယ်​မှာ​နည်း။ ကျွန်​တော်​မျိုး တို့​အား​လျစ်​လူ​ရှု​တော်​မ​မူ​ပါ​နှင့်။-

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ပြည် တော်​အ​တွက် စိုး​ရိမ်​ပူ​ပန်​မှု​ကို​ပြ​တော်​မူ​၍၊ မိ​မိ​၏​လူ​မျိုး​တော်​အား​က​ရု​ဏာ​ထား တော်​မူ​၏။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အား အံ​တု​ဖက်​ပြိုင်​သူ​တို့​ကို​သည်း​ခံ​တော်​မ​မူ။ ကိုယ်​တော်​သည်​အ​တိုက်​အ​ခံ​ပြု​သူ​များ​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ အ​မျက်​တော်​ထွက်​၍​သူ​တို့​အား လက်​စား​ချေ​တော်​မူ​၏။

ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​၏​ကြောက်​မက်​ဖွယ်​ရာ​အ​မျက်​တော် အ​ရှိန်​ကို​အ​ဘယ်​သူ​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​မီး​လျှံ​ထ​သော​အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ ရှေ့​တော်​၌​ကျောက်​တို့​သည်​ကြေ​မွ​ကာ အ​မှုန့်​ဖြစ်​၍​သွား​ကုန်​၏။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ် က​ပတ်​တော်​သည် ဇာ​ခ​ရိ​ထံ​သို့​ရောက်​လာ ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ