အနန္တတန်ခိုးရှင်ထာဝရဘုရား၏နှုတ် ကပတ်တော်သည် ဇာခရိထံသို့ရောက်လာ ၏။-
ထာဝရဘုရားသည်ငါ့အားဤသို့ဗျာဒိတ် ပေးတော်မူ၏။-
မုန်တိုင်းသဖွယ်တိုက်ခတ်ကာနိုင်ငံရပ် ခြားများသို့လွင့်စင်သွားစေ၏။ ဤသာ ယာသောပြည်သည်လည်းနေထိုင်သူမ ရှိဘဲလူသူဆိတ်ငြိမ်ရာဖြစ်လျက်ကျန် ရစ်ခဲ့ပေသည်'' ဟုမိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဇိအုန် မြို့သူမြို့သားတို့အပေါ်၌ငါထားရှိသည့် နက်နဲသောမေတ္တာကြောင့်သူတို့၏ရန်သူများ အပေါ်အမျက်ထွက်စေသည့် ငါ၏မေတ္တာကို ထောက်၍ငါသည်ထိုမြို့အားကူမရန် တောင့်တလျက်နေ၏။-