Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 9:4

Common Language Bible

ကိုယ်​တော်​ရှင်​သည်​ပလ္လင်​တော်​ပေါ်​တွင်​စံ​တော်​မူ​၍ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​၏။ ကျွန်​တော်​မျိုး​၏​အ​ကျိုး​ကို​ထောက်​လျက် တ​ရား​စီ​ရင်​တော်​မူ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

နား​ညောင်း​တော်​မူ​ပါ၊ ကောင်း​ကင်​ဘုံ​က​နေ​၍ နား​ထောင်​တော်​မူ​လျက် သူ​တို့​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​ပါ။''

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဆင်း​ရဲ​သူ​တို့​၏​အ​ကျိုး​နှင့် ချို့​တဲ့​နွမ်း​ပါး​သူ​တို့​၏​အ​ခွင့်​အ​ရေး​များ​ကို ကွယ်​ကာ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။

အို ထာ​ဝ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှီ​ခို​ရာ​ကိုယ်​တော်​ရှင်​တစ်​ပါး သာ​လျှင် ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​လို​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို​လည်း ကိုယ်​တော်​ရှင်​ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​နာ​ဂတ်​သည်​ကိုယ်​တော်​၏ လက်​ဝယ်​ရှိ​ပါ​၏။

ဘု​ရား​သ​ခင်​သည်​သန့်​ရှင်း​မြင့်​မြတ်​သော ရာ​ဇ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။ တိုင်း​နိုင်​ငံ​အ​ပေါင်း​ကို​အုပ်​စိုး​တော်​မူ​၏။

ကိုယ်​တော်​ရှင်​၏​နိုင်​ငံ​တော်​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော အ​မှု​အ​ရာ​တို့​တွင်​မေတ္တာ​တော်​နှင့်​သစ္စာ​တော် ပေါ်​လွင်​ထင်​ရှား​ပါ​၏။

အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကမ္ဘာ​မြေ​ကြီး​ကို​အုပ်​စိုး​ရန် ကြွ​လာ​တော်​မူ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။ ကိုယ်​တော်​သည်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​လိမ့်​မည်။

ဆင်း​ရဲ​သား​တို့​အား​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​၍ နိမ့်​ကျ​သူ​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို ကာ​ကွယ်​စောင့်​ရှောက်​လိမ့်​မည်။ သူ​ပေး​သည့်​ရာ​ဇ​သံ​ဖြင့်​ပြည်​သူ​တို့​သည် ဒဏ်​သင့်​ကြ​လိမ့်​မည်။ ဆိုး​ညစ်​သူ​တို့​သည်​လည်း သေ​ရ​ကြ​လိမ့်​မည်။

မိ​မိ​အား​ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​တုံ့​ပြန် ပုတ်​ခတ်​ပြော​ဆို​မှု​ပြု​တော်​မ​မူ။ ဝေ​ဒ​နာ​ခံ တော်​မူ​ရ​သော​အ​ခါ​ခြိမ်း​ခြောက်​တော်​မ​မူ​ဘဲ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​လက်​တော်​သို့​မိ​မိ​၏​အ​မှု​ကို​အပ် တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ