Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 9:3

Common Language Bible

ကိုယ်​တော်​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ဆုတ်​ခွာ ထွက်​ပြေး​ကြ​ပါ​၏။ သူ​တို့​သည်​လဲ​ကျ​သေ​ဆုံး​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​အား​လူ​အ​ပေါင်း​တို့​သည် ကြောက်​လန့်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ရှေ့​တော်​တွင် ရပ်​တည်​နိုင်​ပါ​မည်​နည်း။

ကျွန်​တော်​မျိုး​တို့​၏​ရန်​သူ​များ​သည်​ထို​အ​ပင်​ကို မီး​ရှို့​ခုတ်​လှဲ​ကြ​ပါ​ပြီ။ ထို​သူ​တို့​ကို​အ​မျက်​တော်​နှင့်​ကြည့်​တော် မူ​၍ သုတ်​သင်​ဖျက်​ဆီး​တော်​မူ​ပါ။

သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သင့်​ကို​ကွယ်​ကာ​သော အ​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​အား သင်​ခို​လှုံ​သော​အ​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း လက်​ခံ​သည်​ဖြစ်​၍

ချို​သာ​နာ​ပျော်​ဖွယ်​သော​စောင်း​သံ​နှင့်​တ​ကွ ကြိုး​တပ်​တူ​ရိ​ယာ​သံ​တို့​ဖြင့် နံ​နက်​တိုင်း​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ဖော်​ကူး​၍ ညဥ့်​တိုင်း​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​သည်​လည်း​ကောင်း လျောက်​ပတ်​လှ​ပါ​၏။

အ​ခါ​တစ်​ပါး​က​ကိုယ်​တော်​ရှင်​သည်​ကြွ​လာ တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​မ​မျှော်​လင့်​သည့် ကြောက်​လန့်​ဖွယ်​ရာ​အ​မှု​များ​ကို​ပြု​တော်​မူ ပါ​၏။ တောင်​များ​သည်​ကိုယ်​တော်​ရှင်​ကို​မြင် ၍​ကြောက်​စိတ်​နှင့်​တုန်​လှုပ်​ကြ​ပါ​၏။-

ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​အား​ဖြင့် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ယုံ​ကြည်​သူ အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို လည်း​ကောင်း​ခံ​ယူ​ရန်​တ​ရား​စီ​ရင်​တော်​မူ ရာ​နေ့​၌​ကြွ​လာ​တော်​မူ​သော​အ​ခါ ထို​သူ တို့​ခံ​ရ​မည့်​အ​ပြစ်​ဒဏ်​မှာ​ထာ​ဝ​ရ​ဆုံး​ရှုံး ပျက်​စီး​ခြင်း​ဖြစ်​သည်။ တစ်​နည်း​အား​ဖြင့် သ​ခင်​ဘု​ရား​ရှေ့​တော်​မှ​လည်း​ကောင်း၊ ကိုယ် တော်​၏​ကြီး​မြတ်​သည့်​ဘုန်း​အ​သ​ရေ​တော် မှ​လည်း​ကောင်း​ပယ်​ခြင်း​ပင်​ဖြစ်​သည်။ သင် တို့​သည်​ငါ​တို့​ဟော​ပြော​သက်​သေ​ခံ​သည် ကို​ယုံ​ကြည်​သည်​ဖြစ်​၍​ကိုယ်​တော်​ကို​ဂုဏ် ပြု​ချီး​ကူး​သည့်​လူ​စု​တွင်​ပါ​ဝင်​ကြ​လိမ့် မည်။

ထို​နောက်​ပလ္လင်​ဖြူ​ကြီး​ကို​လည်း​ကောင်း၊ ယင်း ပလ္လင်​ပေါ်​တွင်​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို​အ​ရှင်​၏​ရှေ့ တော်​မှောက်​မှာ​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း ကင်​သည်​လျင်​မြန်​စွာ​ရွေ့​လျား​ပျောက်​လွင့် ၍​သွား​ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ