ဆာလံ 84:7Common Language Bibleထိုသူတို့သည်ခရီးပြုရင်းခွန်အားတိုး၍ လာကြပါ၏။ ဇိအုန်တောင်တော်ပေါ်တွင်ဘုရားတကာ တို့၏ ဘုရားကိုဖူးမြင်ရကြပါလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည်လည်းသင်တို့ကိုထာဝစဉ်လမ်းပြ ပို့ဆောင်ကာ နေပူပြင်းလျက်ခြောက်သွေ့ရာ ဒေသ၌ကောင်းမြတ်သည့်အစားအစာ များအားဖြင့်ရောင့်ရဲစေမည်။ သင်တို့အား ကျန်းမာသန်စွမ်းစေမည်။ သင်တို့သည်ရေ အလုံအလောက်ရရှိသည့်ဥယျာဉ်ကဲ့သို့ လည်းကောင်း၊ အဘယ်အခါ၌မျှမခန်း မခြောက်သည့်စမ်းချောင်းကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။-
ထိုအခါယေရုရှလင်မြို့ကိုတိုက်ခိုက်ခဲ့ ကြသောလူမျိုးတို့အနက်မှအသက် မသေဘဲ ကျန်ရှိသူလူအပေါင်းတို့သည် အနန္တတန်ခိုးရှင်ထာဝရဘုရား၏အုပ် စိုးမှုကိုဝန်ခံ၍ ကိုယ်တော်အားရှိခိုး ဝတ်ပြုကြရန်လည်းကောင်း၊ သစ်ခက်တဲ နေပွဲတော်ကိုကျင်းပကြရန်လည်းကောင်း ထိုမြို့သို့နှစ်စဉ်နှစ်တိုင်းလာရောက်ကြ လိမ့်မည်။-
သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။
``သင်တို့၏လူမျိုးထဲမှယောကျာ်းအားလုံး တို့သည်ပသခါပွဲ၊ ကောက်သိမ်းပွဲနှင့်သစ်သီး သိမ်းပွဲကျင်းပရန်တစ်ခုတည်းသောဝတ်ပြု ရာဌာနတော်သို့ တစ်နှစ်လျှင်သုံးကြိမ်လာ ရောက်လျက်ထာဝရဘုရားအားဝတ်ပြု ရမည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကောင်းချီးပေးတော်မူသည်နှင့် အမျှ လူတိုင်းပူဇော်သကာကိုယူဆောင် ခဲ့ရမည်။''
သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။