Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 84:6

Common Language Bible

ထို​သူ​တို့​သည်​ခြောက်​သွေ့​နေ​သည့်​ဗာ​ကာ ချိုင့်​ဝှမ်း​ကို ဖြတ်​သန်း​သွား​စဉ်​ရေ​များ​ပေါက်​၍​လာ​ပါ​၏။ မိုး​ဦး​ရွာ​သ​ဖြင့်​အိုင်​များ​ထွန်း​၍​လာ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကူ​မ​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ ကိုယ်​တော်​အား​အ​စဉ်​အ​မြဲ​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။

ကိုယ်​တော်​ရှင်​သည်​မိုး​ကို​သည်း​ထန်​စွာ​ရွာ​စေ သ​ဖြင့် ပင်​ပန်း​နွမ်း​နယ်​လျက်​နေ​သည့်​ပြည်​တော်​ကို ပြန်​လည်​၍​လန်း​ဆန်း​စေ​တော်​မူ​ပါ​၏။

``အို ဇိ​အုန်​မြို့​သား​တို့​ဝမ်း​မြောက်​ကြ​လော့။ သင်​တို့​အား​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု​များ​အ​တွက်​အား​ရ ရွှင်​မြူး​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​အား​ဆောင်း​ဦး​မိုး အ​လုံ​အ​လောက်​ချ​ပေး​တော်​မူ​လေ​ပြီ။ ဆောင်း​နှောင်း​မိုး​ကို​လည်း​ကောင်း​ယ​ခင် အ​ခါ​များ​မှာ​ကဲ့​သို့ နွေ​ဦး​မိုး​ကို​လည်းကောင်း၊သင်​တို့​အ​ပေါ်​သို့ ရွာ​သွန်း​စေ​တော်​မူ​လေ​ပြီ။

သင်​တို့​သည်​လော​က​တွင်​ဆင်း​ရဲ​ဒုက္ခ​နှင့်​တွေ့ ကြုံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​အား​မ​ငယ်​ကြ​နှင့်။ ငါ​သည်​လော​က​ကို​အောင်​ပြီ'' ဟု​မိန့်​တော် မူ​၏။

``ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့ ဝင်​ရန် ဒုက္ခ​ဆင်း​ရဲ​များ​စွာ​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဟော​ပြော​သွန်​သင်​ကာ​တ​ပည့်​တော်​တို့ အား​ကြံ့​ခိုင်​စေ​ကြ​၏။ သူ​တို့​၏​ယုံ​ကြည်​ခြင်း ခိုင်​မြဲ​စေ​ရန်​အား​ပေး​နှိုး​ဆော်​ကြ​၏။-

မ​ကွဲ​မ​ကွာ​စေ​သည်​သာ​မ​က​ငါ​တို့​သည်​ထို အ​တွေ့​အ​ကြုံ​ခပ်​သိမ်း​တို့​နှင့်​ဆိုင်​ရာ​တွင် ငါ တို့​ကို​ချစ်​တော်​မူ​သော​အ​ရှင်​အား​ဖြင့်​အ​ထူး အောင်​မြင်​လျက်​ရှိ​ကြ​၏။-

ငါ​တို့​ခ​ဏ​ခံ​ရ​သော​ပေါ့​ပါး​သည့်​ဆင်း​ရဲ ဒုက္ခ​သည်​အ​တိုင်း​ထက်​အ​လွန်​ကြီး​မြတ်​သည့် ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို​ငါ​တို့​အား ခံ​စား​စေ​လိမ့်​မည်။-

ငါ​က``အ​ရှင်၊ အ​ရှင်​သိ​ပါ​၏'' ဟု​ပြန်​၍​ဖြေ​၏။ ထို​သူ​က``သူ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ကြီး​ထဲ​မှ လွတ်​မြောက်​လာ​သူ​များ​ဖြစ်​၏။ သူ​တို့​သည် မိ​မိ​တို့​ဝတ်​လုံ​များ​ကို​သိုး​သူ​ငယ်​တော် ၏​သွေး​ဖြင့်​ဖြူ​စင်​အောင်​ဖွပ်​လျှော်​ခဲ့​ကြ လေ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ