ထိုမဟာမိတ်အဖွဲ့တွင်ဧဒုံ၊ဣရှမေလ၊ မောဘ၊ ဟာဂရအမျိုးသားများ၊
ရှောလုမင်းလက်ထက်၌ရုဗင်အနွယ်ဝင် တို့သည် ဟာဂရအမျိုးသားတို့ကိုတိုက် ခိုက်သတ်ဖြတ်ကာ ဂိလဒ်ပြည်အရှေ့ဘက် ပိုင်းကိုသိမ်းယူလေသည်။
ကာလအနည်းငယ်ကြာသောအခါမောဘ ပြည်နှင့်အမ္မုန်ပြည်မှစစ်တပ်များသည် မိမိ တို့၏မဟာမိတ်မဟုနိမ် နှင့်အတူယုဒပြည်သို့ချင်းနင်းဝင်ရောက်လာ ကြ၏။-
အို ထာဝရဘုရား၊ ယေရုရှလင်မြို့ကိုသိမ်းယူချိန်၌ ဧဒုံအမျိုးသားတို့ပြုသည့်အမှုကို သတိရတော်မူပါ။ ``ဤမြို့ကိုမြေပြင်နှင့်တပြေးညီအောင် ဖြိုဖျက်ကြလော့'' ဟုထိုသူတို့ပြောဆိုခဲ့ကြသော စကားကိုသတိရတော်မူပါ။
ထိုသူတို့၏ဘုရင်တို့သည်ပုန်ကန်ကြ၏။ သူတို့၏ဘုရင်တို့သည်ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးတော်မူသောဘုရင်အား ပုန်ကန်ရန်လျှို့ဝှက်တိုင်ပင်ကြ၏။
မောဘပြည်သည်ငါ့အားပုန်ကန်ခဲ့သဖြင့် သုတ်သင်ဖျက်ဆီးခြင်းကိုခံရကာနိုင်ငံ တစ်ခုအနေဖြင့်တည်ရှိတော့မည်မဟုတ်။-
ဧဂလုန်သည်အမ္မုန်အမျိုးသားနှင့်အာမလက် အမျိုးသားတို့ကိုစုရုံးပြီးလျှင် ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်သဖြင့် စွန်ပလွံပင်မြို့တည်းဟူသောယေရိခေါမြို့ ကိုသိမ်းယူလေသည်။-