Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 83:5

Common Language Bible

သူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း တိုင်​ပင်​ကြံ​စည်​ကြ​ပြီး​နောက် ကိုယ်​တော်​ရှင်​အား​ဆန့်​ကျင်​ဘက်​ပြု​၍ မ​ဟာ​မိတ်​အ​ဖွဲ့​ကို​ဖွဲ့​စည်း​လိုက်​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​ပြု​သည့်​အ​တွက်​ကျေး​ဇူး​ဆပ်​သည့် အ​နေ​ဖြင့်​သူ​တို့​သည် အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​ပေး​သနား​တော်​မူ​သည့်​ပြည်​တော် မှ​နှင်​ထုတ်​ရန်​ရောက်​ရှိ​လာ​ကြ​ပါ​၏။-

မော်​ဒ​ကဲ​သည်​ယု​ဒ​အ​မျိုး​သား​တစ်​ဦး ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​ရ​သ​ဖြင့် ဟာ​မန် သည်​မော်​ဒ​ကဲ​တစ်​ဦး​တည်း​ကို​သာ​မ​ဟုတ်၊ ပေ​ရ​သိ​အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း ရှိ ရှိ​သ​မျှ​သော​ယု​ဒ​အ​မျိုး​သား​တို့​ကို​ပါ ကွပ်​မျက်​ရန်​ကြံ​စည်​လေ​သည်။

သူ​တို့​သည်​ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက်​၍ ငါ​တို့​အား​အ​ရှင်​လတ်​လတ်​ဝါး​မျို​လိုက်​ကြ လိမ့်​မည်။

ထို​သူ​တို့​၏​ဘု​ရင်​တို့​သည်​ပုန်​ကန်​ကြ​၏။ သူ​တို့​၏​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​အား ပုန်​ကန်​ရန်​လျှို့​ဝှက်​တိုင်​ပင်​ကြ​၏။

သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား​နာ​လန်​မ​ထူ​နိုင်​အောင် ချေ​မှုန်း​လို​ကြ​ပါ​၏။ တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တို့​ကို​မီး​ရှို့​ပစ်​ကြ​ပါ​၏။

ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။

ရှု​ရိ​တပ်​များ​သည် ဣ​သ​ရေ​လ​နယ်​မြေ​အ​တွင်း သို့​ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ယု​ဒ​ဘု​ရင်​ကြား သိ​ရ​သော​အ​ခါ သူ​နှင့်​တ​ကွ​သူ​၏​ပြည်​သူ အ​ပေါင်း​သည်​လွန်​စွာ​ထိတ်​လန့်​ကြ​ကုန်​၏။ လေ တိုက်​၍​လှုပ်​သော​သစ်​ရွက်​များ​ကဲ့​သို့ သူ​တို့ ၏​စိတ်​နှ​လုံး​သည်​တုန်​လှုပ်​လျက်​နေ​ကုန်​၏။

အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဖိ​လိတ္တိ​ပြည်​သား များ​သည် မိ​မိ​တို့​၏​ရာ​သက်​ပန်​ရန်​သူ​ယု​ဒ အား​ရက်​စက်​စွာ​လက်​စား​ချေ​ကာ မုန်း​တီး စိတ်​ဖြင့်​ဖျက်​ဆီး​သုတ်​သင်​ပစ်​ကြ​၏။-

လူ​မျိုး​များ​စွာ​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ရန် စု​ရုံး​ရောက်​ရှိ​လာ​ကြ​ပြီ။ သူ​တို့​က``ယေ​ရု ရှ​လင်​မြို့​ကို​ဖြို​ဖျက်​ကြ​ကုန်​အံ့၊ ငါ​တို့​သည် မြို့​ပျက်​ကို​မြင်​ရ​သ​ဖြင့်​ဝမ်း​သာ​အား​ရ ကြ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။-

ခါ​နာန်​အမျိုး​သား​မှ​စ​၍​ဤ​ပြည်​ရှိ​လူ အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​သ​ဖြင့် အ​ကျွန်ုပ်​တို့​ကို​ဝိုင်း​၍ တစ်​ယောက်​မျှ​မ​ကျန် အောင်​သတ်​ဖြတ်​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​၏​ဘုန်း​တန်​ခိုး​တော်​ကို လူ​တို့ အ​ထင်​မ​သေး​ကြ​စေ​ခြင်း​ငှာ​မည်​သို့ ပြု​တော်​မူ​ပါ​မည်​နည်း'' ဟု​လျှောက်​ထား လေ​၏။

ထို​ဘု​ရင်​များ​တွင်​ရည်​ရွယ်​ချက်​တစ်​ခု​တည်း​ရှိ ၏။ သူ​တို့​သည်​မိ​မိ​တို့​တန်​ခိုး​အာ​ဏာ​များ​ကို သား​ရဲ​သို့​ပေး​အပ်​ကြ​၏။-

ထို​နောက်​သား​ရဲ​နှင့်​တ​ကွ​ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင် များ​နှင့်​သူ​တို့​၏​စစ်​သည်​ဗိုလ်​ပါ​တို့​သည်​မြင်း​ဖြူ ကို​စီး​တော်​မူ​သော​အ​ရှင်​နှင့်​သူ​၏​စစ်​သည်​တော် များ​ကို​တိုက်​ခိုက်​ရန်​စု​ရုံး​ကြ​သည်​ကို​ငါ​မြင် ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ