ဆာလံ 83:13Common Language Bibleအို ဘုရားသခင်၊ သူတို့အားလေဗွေ၌ပါသွားသော မြေမှုန့်ကဲ့သို့လည်းကောင်း၊ လေတိုက်ရာလွင့်ပါသွားတတ်သည့် ဖွဲကဲ့သို့လည်းကောင်းဖြစ်စေတော်မူပါ။ အခန်းကိုကြည့်ပါ။ |
အရှေ့ပြည်မှစစ်နိုင်ဘုရင်ကိုအဘယ်သူ ခေါ်ဆောင်တော်မူခဲ့ပါသနည်း။ ရောက်ရှိလေရာအရပ်တို့တွင် သူ့အားအဘယ်သူသည်အောင်မြင်ခွင့်ကို ပေးတော်မူပါသနည်း။ အဘယ်သူသည်သူ့အားဘုရင်တကာတို့ အပေါ်၌လည်းကောင်း လူမျိုးတကာတို့အပေါ်၌လည်းကောင်း အောင်ပွဲကိုခံစေတော်မူပါသနည်း။ သူ၏ဋ္ဌားသည်ရန်သူတို့အားမြေမှုန့်သဖွယ် ခုတ်ချတတ်ပါသည်တကား။ သူ၏လေးမြားတို့သည်လည်းထိုသူတို့ကို လေတိုက်ရာတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့ ကွဲလွင့်စေတတ်ပါသည်တကား။