ဆာလံ 83:12Common Language Bibleဇေဘမင်းနှင့်ဇာလမုန္နမင်းတို့က``ငါတို့သည် ဘုရားသခင်ပိုင်တော်မူသောပြည်ကို သိမ်းယူကြကုန်အံ့'' ဟုဆိုကြပါ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့ကိုလက်ရဖမ်းမိသ ဖြင့် သြရဘအားသြရဘကျောက်၌လည်း ကောင်း၊ ဇေဘကိုဇေဘစပျစ်သီးနယ်ရာ အရပ်၌လည်းကောင်းကွပ်မျက်လိုက်ကြ လေသည်။ သူတို့သည်မိဒျန်အမျိုးသား တို့နောက်သို့ဆက်လက်လိုက်လံကြပြီး နောက် သြရဘနှင့်ဇေဘတို့၏ဦးခေါင်း ကိုယော်ဒန်မြစ်အရှေ့ဘက်ကမ်းသို့ရောက် ရှိနေသောဂိဒေါင်၏ထံသို့ယူဆောင်ခဲ့ ကြ၏။
ထိုအခါဇေဘဟနှင့်ဇာလမုန္နတို့က``ငါ တို့အားသင်ကိုယ်တိုင်သတ်ပါလော့။ လူကြီး ပြုရမည့်အမှုကိုလူကြီးသာလျှင်ပြုနိုင် ၏'' ဟုဆိုကြ၏။ ထို့ကြောင့်ဂိဒေါင်သည်သူတို့ နှစ်ယောက်အားသတ်ပြီးလျှင် သူတို့ကုလား အုတ်များ၏လည်ပင်း၌ဆင်ယင်ထားသော တန်ဆာတို့ကိုချွတ်ယူလေသည်။