ဆာလံ 80:6Common Language Bibleကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏တိုင်းပြည်ကို အိမ်နီးချင်းနိုင်ငံတို့၏စစ်မြေပြင် ဖြစ်စေတော်မူပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးတို့အား စော်ကားကြပါ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ပျော်ရွှင်မှုကင်းမဲ့သူဖြစ်ပါသည် တကား။ ငါ၏အမိသည်အဘယ်ကြောင့်ငါ့အား ဤလောကထဲသို့မွေးထုတ်ပါသနည်း။ ဤပြည် တွင်ရှိသမျှသောသူတို့နှင့်ငါသည်စကား များရငြင်းခုံရပါ၏။ ငါသည်သူတစ်ပါး တို့အားလည်းကောင်း၊ သူတစ်ပါးတို့ထံမှ လည်းကောင်းငွေကြေးမချေးငှားခဲ့။ သို့ ပါလျက်လူအပေါင်းတို့သည်ငါ့အား ကျိန်ဆဲကြပါ၏။-
သို့ဖြစ်၍ဣသရေလတောင်တို့၊ အရှင်ထာဝရ ဘုရား၏အမိန့်ကိုနားထောင်ကြလော့။ ပတ်ဝန်း ကျင်တိုင်းပြည်များ၏တိုက်ခိုက်လုယက်မှု၊ ပြက်ရယ်ပြုမှုတို့ကိုခံရကာလူသူဆိတ် ငြိမ်ရာမြို့များ၊ ယိုယွင်းပျက်စီးနေသည့် အရပ်များ၊ တောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်း များအားဤသို့အရှင်ထာဝရဘုရား မိန့်တော်မူ၏။