ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ဝမ်းနည်းမှု တည်းဟူသောအစားအစာကိုကျွေး၍ မျက်ရည်တည်းဟူသောရေကိုကြီးမားသည့် ခွက်ဖလားဖြင့်တိုက်တော်မူပါပြီ။
လက်နှင့်မျှမတို့နိုင်၊ ငါမနှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။
ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော် ကြောင့် ကျွန်တော်မျိုးသည်ပြာကိုအစားအစာ အဖြစ်ဖြင့် စားရပါ၏။ စပျစ်ရည်ကိုလည်းမျက်ရည်နှင့်ရော၍သောက် ရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ချီးမြှောက်တော်မူပြီးမှပစ်ချတော်မူပါ၏။
ငါသည်နေ့ရောညပါငိုကြွေးရသဖြင့် မျက်ရည်များသည်ငါ၏အစားအစာဖြစ် တော့၏။ ရန်သူတို့ကငါ့အား``သင်၏ဘုရားသည် အဘယ်မှာရှိသနည်း'' ဟုအစဉ်ပင် မေးလျက်နေကြ၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားဤသို့စွန့်ပစ်၍ ထားတော်မူပါသနည်း။ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အစဉ်အမြဲ အမျက်ထွက်၍နေတော်မူပါမည်လော။
အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးတို့အားထာဝစဉ် အမျက်ထွက်လျက်နေတော်မူပါမည်လော။ အမျက်တော်သည်မပြေဘဲမီးကဲ့သို့တောက်လောင် နေပါမည်လော။
ထာဝရဘုရားသည်သင်တို့အားဆိုးယုတ် ခက်ခဲမှုများနှင့်တွေ့ကြုံစေတော်မူမည် ဖြစ်သော်လည်း ကိုယ်တော်တိုင်ပင်သင်တို့နှင့် အတူရှိတော်မူ၍လမ်းပြသွန်သင်တော်မူ လိမ့်မည်။ သင်တို့သည်လည်းကိုယ်တော်ကို ရှာနေရန်လိုတော့မည်မဟုတ်။-
``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား လိုက်လံဖမ်းဆီး၍ကွပ်မျက်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဆုတောင်းပတ္ထနာများ သည် ထူထပ်သောအမျက်တော်တိမ်တိုက်ကို တိုး၍မပေါက်နိုင်ပါ။