သို့ရာတွင်ကိုယ်တော်သည်ယောသပ်၏သားမြေး တို့ကို ပစ်ပယ်တော်မူ၏။ ဧဖရိမ်အမျိုးအနွယ်ကိုရွေးချယ်တော်မမူ။
လူတို့သည်သေတ္တာတော်ကိုပင့်ဆောင်ကာ ဒါဝိဒ်တည်ဆောက်ထားသည့်တဲတော်အတွင်း လျာထားသည့်နေရာ၌ထားကြ၏။ ထိုနောက် ဒါဝိဒ်သည်ထာဝရဘုရားအားမီးရှို့ရာ ယဇ်နှင့်မိတ်သဟာယယဇ်တို့ကိုပူဇော် လေသည်။-
ခေရုဗိမ် တို့အထက်စံတော်မူသောအနန္တတန်ခိုးရှင် ထာဝရဘုရား၏နာမတော်ဖြင့်ခေါ်ဝေါ် သမုတ်သည့်ပဋိညာဉ်သေတ္တာတော်ကိုပင့် ဆောင်ရန်ယုဒပြည်ဗာလာမြို့သို့ချီ သွားတော်မူ၏။-
ကိရယတ်ယာရိမ်မြို့သားတို့ထံသို့တမန် များစေလွှတ်ပြီးလျှင်``ဖိလိတ္တိအမျိုးသား တို့သည်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပြန်လည်ပို့ဆောင်ကြလေပြီ။ သင် တို့လာ၍သေတ္တာတော်ကိုပင့်ဆောင်ကြပါ လော့'' ဟုမှာကြားလိုက်ကြ၏။