ဆာလံ 78:66Common Language Bibleမိမိ၏ရန်သူများကိုထာဝစဉ်အရှက်ကွဲ အရေးရှုံးနိမ့်စေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဖိလိတ္တိခေါင်းဆောင်များက``ငါတို့သည် အဘယ်ပူဇော်သကာကိုပေးလှူရပါမည် နည်း'' ဟုမေးကြလျှင် သူတို့က``သင်တို့သည်ဘုရင်ငါးပါးကိုတစ် ပါးလျှင် ရွှေအနာစိမ်းရုပ်ငါးခုနှင့်ရွှေကြွက် ရုပ်ငါးခုပြုလုပ်၍ပေးလှူရကြမည်။ ဘုရင် ငါးပါးနှင့်သင်တို့အပေါင်းသည် ကပ်ရောဂါ တစ်မျိုးတည်းသင့်ရကြသည်ဖြစ်ရာ၊-
ရှမွေလသည်ယဇ်ပူဇော်လျက်နေစဉ်ဖိလိတ္တိ အမျိုးသားတို့သည် ဣသရေလအမျိုးသား တို့အားတိုက်ခိုက်ရန်ချီတက်လာကြ၏။ သို့ ရာတွင်ထိုအချိန်၌ပင်လျှင်ထာဝရဘုရား သည် သူတို့အပေါ်မှာပြင်းစွာမိုးချုန်းစေ တော်မူသဖြင့် သူတို့သည်ကစဥ့်ကရဲဖြစ် လျက်ထွက်ပြေးကြကုန်၏။-