Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 74:21

Common Language Bible

ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​တို့​အား​အ​ရှက်​ကွဲ စေ​တော်​မ​မူ​ပါ​နှင့်။ ယင်း​ဆင်း​ရဲ​သူ​များ​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ထား​ရှိ​တော်​မူ​သော​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​ပါ​၏'' ဟူ​သော​သီ​ချင်း​ကို​ထပ်​ကာ​ထပ်​ကာ​သီ​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။ ဗိ​မာန်​တော်​အုတ်​မြစ်​ကို​ချပြီး​ဖြစ်​သ​ဖြင့် လူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို​ဟစ်​အော်​ချီး​မွမ်း​ကြ​ကုန်​၏။-

ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​တို့​ဘက်​မှ​နေ​၍ တ​ရား​စီ​ရင်​တော်​မူ​သ​ဖြင့် သူ​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို​ပေး​တော်​မူ​၏။

ကျွန်​တော်​မျိုး​သည်​ဆင်း​ရဲ​ချို့​တဲ့​နွမ်း​ပါး ပါ​၏။ အ​သည်း​နှ​လုံး​ထဲ​တွင်​နာ​ကြည်း​လျက်​ရှိ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​က ``သို့​ရာ​တွင်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​သည်​ဖိ​စီး နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​ကြ​သူ​တို့​သည် ဝေ​ဒ​နာ​နှင့် ညည်း​တွား​နေ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​ယ​ခု​ပင်​ကြွ​လာ​မည်။ သူ​တို့​လို​လား​တောင့်​တ​ကြ​သည့်​ဘေး​လွတ် လုံ​ခြုံ​မှု​ကို သူ​တို့​အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

``ကိုယ်​တော်​နှင့်​အ​ဘယ်​သူ​တူ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​ကဲ့​သို့​အား​နွဲ့ သူ​ကို အား​ကြီး​သူ​၏​ဘေး​မှ​လည်း​ကောင်း၊ ဆင်း​ရဲ​နွမ်း​ပါး​သူ​ကို​ဖိ​စီး​နှိပ်​စက်​တတ်​သူ​၏ ဘေး​မှ​လည်း​ကောင်း ကွယ်​ကာ​စောင့်​ရှောက်​ပါ​သ​နည်း'' ဟု ထာ​ဝ​ရ​ဘု​ရား​အား​ခံ​စား​ချက်​အ​ပြည့် အ​ဝ​ဖြင့် ငါ​လျှောက်​ထား​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​မေ့​လျော့​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ဆင်း​ရဲ​သော​သူ​တို့​သည်​လည်း​ထာ​ဝ​စဉ် မျှော်​လင့်​ရာ​မဲ့​ဖြစ်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။

သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား ထာ​ဝ​ရ​ဘု​ရား​၏​ကယ်​တင်​တော်​မူ​ခြင်း​ကို ခံ​ကြ​လျက်​သူ​တို့​၏​အောင်​ပွဲ​သည် ထာ​ဝ​စဉ်​တည်​လိမ့်​မည်။ သူ​တို့​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ အ​သ​ရေ​ပျက်​ကြ​ရ​လိမ့်​မည်​မဟုတ်။' ''

ဝမ်း​မြောက်​ရွှင်​မြူး​သံ​များ​နှင့်​မင်္ဂ​လာ​ဆောင် သ​တို့​သား​သ​တို့​သ​မီး​တို့​၏​အ​သံ​များ ကို နောက်​တစ်​ဖန်​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရန်​ပူ​ဇော် သကာ​များ​ကို ငါ​၏​ဗိ​မာန်​တော်​သို့​ယူ​ဆောင် ကာ​သီ​ချင်း​အေး​ကူး​ကြ​သည့်​အ​သံ​များ ကို​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ သူ​တို့​က၊ `အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​မြတ်​တော်​မူ​၍၊ မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​သော​ကြောင့် ဖြစ်​၏' ဟု​မြွက်​ဆို​ကြ​လိမ့်​မည်။ ငါ​သည်​ဤ​ပြည်​ကို​ရှေး​က​နည်း​တူ​ပြန်​လည် ကောင်း​စား​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ