Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 74:20

Common Language Bible

ကျွန်​တော်​မျိုး​တို့​နှင့်​ကိုယ်​တော်​ရှင်​ပြု​ထား​သည့် ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ တိုင်း​ပြည်​ရှိ​မှောင်​ကျ​ရာ​အ​ရပ်​တိုင်း​တွင် အ​ကြမ်း​ဖက်​မှု​ရှိ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​သည်​ငါ​၏​သား မြေး​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် မ​ပျက်​နိုင်​မ​ပြောင်း​လဲ​နိုင်​သော၊ထာ​ဝ​ရ ပ​ဋိ​ညာဉ်​ကို ငါ​နှင့်​ပြု​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​၏​လို​အင်​ဆန္ဒ​ပြည့်​စုံ​ပြီ။ ဤ​ကား​ငါ​၏​အောင်​ပွဲ​ပေ​တည်း။ ယင်း​သို့​ဖြစ်​စေ​ရန်​ဘု​ရား​သ​ခင်​သည် ဧ​ကန်​မု​ချ​စီ​မံ​တော်​မူ​လိမ့်​မည်။

ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော်​ကို ထာ​ဝ​စဉ် ခိုင်​မြဲ​စေ​တော်​မူ​လိမ့်​မည်။ က​တိ​တော်​များ​ကို​လူ​မျိုး​ဆက်​တစ်​ထောင် တိုင်​အောင်​တည်​စေ​တော်​မူ​လိမ့်​မည်။

ကိုယ်​တော်​သည်​သူ​တို့​၏​အ​ကျိုး​ကို​ထောက်​၍ ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​တော်​မူ​၏။ မေတ္တာ​တော်​သည်​ကြီး​မား​တော်​မူ​သည် ဖြစ်​၍ အ​မျက်​ပြေ​တော်​မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှာ​ရန်​သူ​များ​စွာ​ရှိ​ပါ​၏။ ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း​ပြု​ကျင့်​ရန် ကျွန်​တော်​မျိုး​အား​လမ်း​ပြ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင် လိုက်​လျှောက်​စေ​လို​သည့်​လမ်း​ကို ဖြောင့်​ဖြူး​စေ​တော်​မူ​ပါ။

ငါ​သည်​သူ့​အား​ထား​ရှိ​သည့်​က​တိ​သစ္စာ​ကို အ​စဉ်​တည်​စေ​မည်။ ငါ​နှင့်​သူ​ပြု​သော​ပ​ဋိ​ညာဉ်​ကို​ခိုင်​မြဲ​စေ​မည်။

ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​နှင့်​ပြု​တော်​မူ​ခဲ့​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ပယ်​ဖျက်​တော်​မူ​ပါ​ပြီ။ သူ​၏​သ​ရ​ဖူ​ကို​မြေ​သို့​ချ​တော်​မူ​ပါ​ပြီ။

ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မ​မူ ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​သည့် ရာ​ဇ​ပလ္လင်​တည်း​ဟူ​သော​ယေ​ရု​ရှ​လင်​မြို့​ကို အ​သ​ရေ​ပျက်​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​တို့​နှင့်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​ကို​ဖျက်​တော်​မ​မူ​ပါ​နှင့်။

သူ​တို့​၏​ဘု​ရား​ဝတ်​ပြု​နည်း​ကို​အ​တု​မ​ယူ ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​များ ကို​ဝတ်​ပြု​ရာ​၌ ထာ​ဝ​ရ​ဘု​ရား​မုန်း​တီး​ရွံ ရှာ​တော်​မူ​သော​အ​မှု​များ​ကို​ပြု​လုပ်​ကြ သော​ကြောင့် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​သည့်​အ​ခါ သူ​တို့​ကဲ့​သို့ ဝတ်​မ​ပြု​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့ ၏​သား​သ​မီး​များ​ကို​ပင်​ယဇ်​ပလ္လင်​ပေါ်​၌ မီး​ရှို့​ပူ​ဇော်​ကြ​၏။-

ကိုယ်​တော်​၏​အ​စေ​ခံ​များ​ဖြစ်​သော​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော် မူ​၍ ဤ​လူ​မျိုး​တော်​၏​ခေါင်း​မာ​မှု၊ မိုက်​မဲ​မှု၊ အ​ပြစ်​ကူး​လွန်​မှု​တို့​ကို​သည်း​ခံ​တော်​မူ​ပါ။-

နောင်​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ပ​ညတ်​များ​ကို သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​ထည့်​သွင်း​မည်။ သူ​တို့​၏​နှ​လုံး​သား​ပေါ်​မှာ​ရေး​သား​မည်။ ငါ​သည်​သူ​တို့​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း​ငါ​၏​လူ​စု​ဖြစ်​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ