ဆာလံ 72:7Common Language Bibleမင်းကြီး၏လက်ထက်၌တရားမျှတမှု စိုးမိုးပါစေသော။ လသည်အလင်းရောင်ပေးလျက်နေသမျှ ကာလပတ်လုံးသာယာဝပြောမှုရှိပါ စေသော။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်လူမျိုးကြီးတို့အငြင်းပွား မှုကို ပြေငြိမ်းစေတော်မူလိမ့်မည်။ သူတို့သည်လည်းမိမိတို့၏ဋ္ဌားများကို ထွန်သွားအဖြစ်၊ မိမိတို့လှံများကိုတံစဉ်အဖြစ်သို့ ပြောင်းလဲပြုလုပ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည်နောင်ဘယ်အခါမျှ စစ်တိုက်ကြတော့မည်မဟုတ်။ နောက်တစ်ဖန်စစ်တိုက်ရန်လည်းပြင်ဆင် ကြတော့မည်မဟုတ်။
အထက်ဖော်ပြပါဘုရင်များနန်းစံလျက် နေချိန်၌ပင်လျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အဘယ်အခါမျှမပျက်စီး နိုင်သည့် နိုင်ငံတစ်ခုကိုတည်ထောင်တော်မူ ပါလိမ့်မည်။ ထိုနိုင်ငံကိုအဘယ်အခါ၌ မျှနှိမ်နင်း၍ရမည်မဟုတ်ပါ။ ယင်းသည် အခြားနိုင်ငံရှိသမျှကိုဖြိုခွင်းပြီး နောက် အစဉ်အမြဲတည်ပါလိမ့်မည်။-
ထာဝရဘုရားက၊ ``ငါသည်ဣသရေလပြည်မှစစ်မြင်းရထား များကို ဖယ်ရှား၍၊မြင်းများကိုယေရုရှလင်မြို့သို့ ယူဆောင်သွားမည်။ စစ်ပွဲတွင်အသုံးပြုသည့်လေးတို့ကိုလည်း ချိုးပစ်မည်။ သင်တို့ဘုရင်သည်နိုင်ငံတကာနှင့်စစ်ပြေ ငြိမ်းရေး ဆောင်ရွက်ပြီးလျှင်၊ ပင်လယ်တစ်ပြင်မှတစ်ပြင်သို့တိုင်အောင် လည်းကောင်း၊ ဥဖရတ်မြစ်မှကမ္ဘာမြေကြီးစွန်းသို့တိုင် အောင် လည်းကောင်းအစိုးရလိမ့်မည်'' ဟုမိန့်တော် မူ၏။
ငါ၏စကားတော်ကိုရိုသေသူသင်တို့ အဖို့မှာမူကား ငါ၏ကယ်တင်ခြင်းတန် ခိုးသည်နေမင်းသဖွယ် သူတို့အပေါ်၌ ထွန်းလင်းလျက်နေရောင်ခြည်သဖွယ် သင် တို့၏အနာရောဂါများကိုပျောက်ကင်း စေလိမ့်မည်။ သင်တို့သည်တင်းကုပ်မှလွှတ် ထုတ်လိုက်သည့်နွားငယ်များကဲ့သို့လွတ် လပ်ပျော်ရွှင်စွာခုန်ပေါက်လျက်နေလိမ့်မည်။-