မင်းကြီးသည်လယ်ယာများအပေါ်သို့ ရွာချသည့် မိုးကဲ့သို့လည်းကောင်း၊ မြေပြင်ပေါ်သို့ကျရောက်လာသည့်မိုးပေါက် များ ကဲ့သို့လည်းကောင်းဖြစ်ပါစေသော။
မိုးရွာပြီးနောက်မိုးသားများကင်းစင်လျက် အရုဏ်တက်ချိန်အခါမြက်များကိုအရောင် လက်စေသည့်နေမင်းနှင့်တူ၏''
ကိုယ်တော်ရှင်သည်မိုးကိုရွာစေတော်မူလျက် ထွန်ယက်ထားသည့်လယ်ယာများကိုစိုစွတ် စေတော်မူပါ၏။ ထိုနောက်မိုးရေဖြင့်မြေဆီလွှာကို ပျော့စေတော်မူပြီးလျှင်ပျိုးပင်ငယ်များကို ပေါက်စေတော်မူပါ၏။
ရှင်ဘုရင် မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ၏။ ကျေးဇူးတော်သည် နောက်ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ်၏။
ရှင်ဘုရင်၏အမျက်တော်သည် ခြင်္သေ့ဟောက် သကဲ့သို့ဖြစ်၏။ ကျေးဇူးတော်မူကား၊ မြက်ပေါ်မှာ ကျသော နှင်းရည်ကဲ့သို့ ဖြစ်၏။
ငါသည်ထိုစပျစ်ဥယျာဉ်ကိုပေါင်းပင်များ နှင့်ပြည့်နှက်နေစေမည်။ စပျစ်ခက်တို့ကိုရှင်း လင်း၍မြေကိုတူးဆွ၍ပေးလိမ့်မည်မဟုတ်။ ဆူးပင်အမျိုးမျိုးကိုပေါက်စေမည်။ ထိုဥယျာဉ် အပေါ်သို့မိုးမရွာစေရန် မိုးတိမ်များကိုပင် ငါပိတ်ပင်ဆီးတားမည်'' ဟုမြွက်ဆို၏။
ငါတို့သည်ထာဝရဘုရားကိုသိကျွမ်း ရန်ကြိုးစားအားထုတ်ကြကုန်အံ့။ နံနက် အရုဏ်တက်မြဲတက်သကဲ့သို့လည်းကောင်း၊ မိုးရာသီတွင်မြေကြီးပေါ်သို့မိုးရွာမြဲ ရွာသကဲ့သို့လည်းကောင်း ကိုယ်တော်သည် ငါတို့ထံသို့မုချကြွလာတော်မူမည်'' ဟုဆိုကြ၏။
သူတို့သည်လက်နက်အင်အားဖြင့်အာရှုရိ ပြည်၊ နိမ်ရောဋ္ဌပြည်ကိုတိုက်ခိုက်အောင်မြင် ကြလိမ့်မည်။ အာရှုရိအမျိုးသားများက ငါတို့၏နယ်မြေကိုဝင်ရောက်တိုက်ခိုက်သော အခါ ထိုခေါင်းဆောင်များသည်ငါတို့ အားရန်သူ၏လက်မှကယ်တင်လိမ့်မည်။
ငါ့သွန်သင်ချက်သည်မိုးပေါက်ကဲ့သို့ကျ၍ မြေပေါ်တွင်နှင်းပေါက်ကဲ့သို့တင်ရှိလိမ့်မည်။ ငါ့စကားသည်အပင်ငယ်များပေါ်သို့ ရွာသောမိုးကဲ့သို့လည်းကောင်း၊ မြက်နုပေါ်တွင်ကျသောမိုးဖွဲကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။