သူတော်ကောင်းတို့မူကားကိုယ်တော်၏ရှေ့တော်တွင် ဝမ်းမြောက်ရွှင်လန်းကြ၏။ သူတို့သည်အလွန်ပင်ပျော်ရွှင်ကြ၍ ဝမ်းမြောက်စွာကြွေးကြော်ကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မင်းကြီးအားခွန်အားစွမ်း ရည်ကို ပေးတော်မူသဖြင့်သူသည်ဝမ်းမြောက်ပါ၏။ ကိုယ်တော်ရှင်သည်စစ်ပွဲကိုအောင်စေတော်မူ သဖြင့် သူသည်အလွန်အားရရွှင်လန်းပါ၏။
အို သူတော်ကောင်းအပေါင်းတို့၊ ထာဝရဘုရားပြုတော်မူသောအမှုတော် အတွက် ဝမ်းမြောက်ရွှင်မြူးကြလော့။ ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။
သူယုတ်မာတို့မူကားသေကြလိမ့်မည်။ ထာဝရဘုရားအားရန်ဘက်ပြုသူတို့သည် တောပန်းများကဲ့သို့ပျောက်ကွယ်ကြလိမ့်မည်။ မီးခိုးကဲ့သို့လွင့်ပျောက်ကြလိမ့်မည်။
ထိုအခါ အို ဘုရားသခင်၊ကျွန်တော်မျိုးသည် ယဇ်ပလ္လင်တော်သို့ချဉ်းကပ်ပါမည်။ ကျွန်တော်မျိုးသည်အထံတော်မှရွှင်လန်း ဝမ်းမြောက်ခြင်းကိုခံယူရရှိပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုး၏ဘုရား၊ကိုယ်တော်အား စောင်းတီးလျက်ချီးမွမ်းထောမနာပြုပါမည်။
သူတော်ကောင်းတို့သည်အပြစ်ကူးသူများ အပြစ်ဒဏ်သင့်ကြသည်ကိုမြင်သောအခါ ဝမ်းမြောက်ကြလိမ့်မည်။ သူတို့သည်သူယုတ်မာတို့၏သွေးအိုင်တွင် ခြေဆေးကြလိမ့်မည်။
ထာဝရဘုရားပြုတော်မူသောအမှုတော်ကြောင့် သူတော်ကောင်းအပေါင်းတို့သည်ရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။ သူတို့သည်ထာဝရဘုရား၏ထံတော်တွင် ခိုလှုံကြလိမ့်မည်။ စိတ်နှလုံးဖြူစင်ဖြောင့်မတ်သူအပေါင်းတို့သည် ကိုယ်တော်အားထောမနာပြုကြလိမ့်မည်။
ငါဤသို့အမိန့်ရှိ၏။ သူယုတ်မာတို့အားမကြွားမဝါကြနှင့်။
အို သူတော်ကောင်းအပေါင်းတို့၊ ထာဝရဘုရားပြုတော်မူသောအမှုတော် ကြောင့် ရွှင်လန်းဝမ်းမြောက်ကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား ပြုတော်မူခဲ့သည့် အမှုတော်ကိုအောက်မေ့သတိရလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
ထိုနောက်သင်တို့၏သားသမီးများ၊ ကျေးကျွန် များ၊ သင်တို့၏မြို့များတွင်နေထိုင်သောလေဝိ အမျိုးသားများနှင့်အတူ ကိုယ်တော်၏ရှေ့ တော်၌ဝမ်းမြောက်ကြလော့။ လေဝိအမျိုး သားတို့တွင်ကိုယ်ပိုင်မြေရှိကြမည်မဟုတ် ကြောင်းသတိရကြလော့။-
အစဉ်မပြတ်ရွှင်လန်းဝမ်းမြောက်ကြလော့။-
သင်တို့သည်ခရစ်တော်ကိုမမြင်ဘူးသော် လည်းချစ်ကြ၏။ ယခုမတွေ့မမြင်ရသော် လည်းသင်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။ သို့ဖြစ်၍သင်တို့သည်နှုတ်ဖြင့်မဖော် ပြနိုင်အောင်လွန်စွာဘုန်းကြီးသောရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြ၏။-
ကောင်းကင်ဘုံသားတို့၊ ထိုမြို့ပျက်စီးသည့် အတွက်ဝမ်းမြောက်ရွှင်မြှုးကြလော့။ ဘုရား သခင်၏လူစုတော်ဝင်များ၊ တမန်တော်များ၊ ပရောဖက်များတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ သင်တို့အားပြုသမျှအတွက်ဘုရားသခင် သည်ထိုမြို့ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။
သိုးသူငယ်တော်၏ထိမ်းမြားမင်္ဂလာပွဲအခါ ကျရောက်ပြီဖြစ်၍ငါတို့သည်ရွှင်လန်းဝမ်း မြောက်လျက် ဘုန်းအသရေတော်ကိုချီးမွမ်း ကြကုန်အံ့။ ကိုယ်တော်၏မင်္ဂလာဆောင်သတို့ သမီးသည်မိမိကိုယ်ကိုအသင့်ပြင်ဆင် ထားလေပြီ။-