Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 68:2

Common Language Bible

ကိုယ်​တော်​သည်​သူ​တို့​အား​လေ​တွင်​လွင့်​ပါ သွား​သော မီး​ခိုး​ကဲ့​သို့​လွင့်​စင်​သွား​စေ​တော်​မူ​၏။ ဖ​ယောင်း​သည်​မီး​ရှေ့​တွင်​အ​ရည်​ပျော်​သ​ကဲ့​သို့ လူ​ယုတ်​မာ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တွင် သေ​ကျေ​ပျက်​စီး​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ယွာ​ဘ​နှင့်​သူ​၏​လူ​တို့​သည်​တိုက်​ခိုက်​ရန် ရှေ့​သို့​ချီ​တက်​ကြ​လျှင် ရှု​ရိ​ပြည်​သား တို့​သည်​ထွက်​ပြေး​ကြ​၏။-

ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ရှု​ရိ​ပြည် သား​တို့​အား​တိုက်​ထုတ်​လိုက်​ကြ​၏။ ဒါ​ဝိဒ် ၏​လူ​တို့​က​ရှု​ရိ​စစ်​ရ​ထား​မှူး​ခု​နစ်​ရာ နှင့်​မြင်း​စီး​သူ​ရဲ​လေး​သောင်း​တို့​ကို​သုတ် သင်​ပြီး​လျှင် ရန်​သူ​ဗိုလ်​ချုပ်​ရှော​ဗက်​ကို လည်း​ဒဏ်​ရာ​ရ​စေ​၏။ ထို့​ကြောင့်​သူ​သည် စစ်​မြေ​ပြင်​၌​ပင်​သေ​ဆုံး​လေ​သည်။-

ကျွန်​တော်​မျိုး​၏​ခွန်​အား​သည်​မြေ​ကြီး​ပေါ်​တွင် ဖိတ်​သည့်​ရေ​ကဲ့​သို့​ခန်း​ခြောက်​သွား​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ရိုး​အား​လုံး​သည် အ​ဆစ်​ပြုတ်​လျက်​နေ​ပါ​၏။ ရင်​တွင်း​မှ​နှ​လုံး​သား​သည်​အ​ရည်​ပျော် သော ဖ​ယောင်း​ကဲ့​သို့​ဖြစ်​၍​နေ​ပါ​၏။

သူ​ယုတ်​မာ​တို့​မူ​ကား​သေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ရန်​ဘက်​ပြု​သူ​တို့​သည် တော​ပန်း​များ​ကဲ့​သို့​ပျောက်​ကွယ်​ကြ​လိမ့်​မည်။ မီး​ခိုး​ကဲ့​သို့​လွင့်​ပျောက်​ကြ​လိမ့်​မည်။

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​အား​လူ​အ​ပေါင်း​တို့​သည် ကြောက်​လန့်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ရှေ့​တော်​တွင် ရပ်​တည်​နိုင်​ပါ​မည်​နည်း။

ကျွန်​တော်​မျိုး​တို့​၏​ရန်​သူ​များ​သည်​ထို​အ​ပင်​ကို မီး​ရှို့​ခုတ်​လှဲ​ကြ​ပါ​ပြီ။ ထို​သူ​တို့​ကို​အ​မျက်​တော်​နှင့်​ကြည့်​တော် မူ​၍ သုတ်​သင်​ဖျက်​ဆီး​တော်​မူ​ပါ။

ကမ္ဘာ​မြေ​ကြီး​ကို​အ​စိုး​ရ​သော အ​ရှင်​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့ တော်​၌​တောင်​တို့​သည်​ဖ​ယောင်း​ကဲ့​သို့ အ​ရည်​ပျော်​ကြ​ကုန်​၏။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​ဘက် မှ​နေ​၍​တိုက်​ခိုက်​တော်​မူ​သော​အ​ခါ၊ ရန်​သူ တို့​သည်​စစ်​တိုက်​ခိုက်​သံ​များ​ကြောင့်​ထွက် ပြေး​ကြ​ပါ​၏။-

သူ​တို့​သည်​မီး​ပေါ်​တွင် ဆူ​ပွက်​နေ​သည့်​ရေ​ကဲ့ သို့​တုန်​လှုပ်​ကြ​ပါ​လိမ့်​မည်။ ကြွ​လာ​တော်​မူ​၍ ရန်​သူ​တို့​အား ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော် ကို​ပြ​တော်​မူ​ပါ။ လူ​မျိုး​တ​ကာ​တို့​အား ရှေ့​တော်​၌​တုန်​လှုပ်​စေ​တော်​မူ​ပါ။-

လူ​တို့​၏​ယုတ်​မာ​မှု​သည် ဆူး​ပင်​အ​မျိုး​မျိုး ကို​ကျွမ်း​လောင်​စေ​သည့်​မီး​ကဲ့​သို့​တောက် လောင်​တတ်​၏။ တော​မီး​ကဲ့​သို့​တောက်​လောင်​၍ မီး​ခိုး​လုံး​ကြီး​များ​ကို​တက်​စေ​တတ်​၏။-

သင်​တို့​၏​တန်​ခိုး​ကြီး​သော​ဘု​ရား​အာ​ပိ သည် အ​ဘယ်​ကြောင့်​ပြို​လဲ​ရ​သ​နည်း။ သူ့​အား​ထာ​ဝ​ရ​ဘု​ရား​တွန်း​ချ​တော်​မူ​လေပြီ။

သို့​ဖြစ်​၍​ဤ​သူ​တို့​သည်​နံ​နက်​ခင်း​တွင် ကျ​တတ်​သော​နှင်း​ကဲ့​သို့​လည်း​ကောင်း၊ နံ​နက် စော​စော​အ​ချိန်​တွင်​ကွယ်​ပျောက်​တတ်​သော နှင်း​ပေါက်​ကဲ့​သို့​လည်း​ကောင်း​ပျောက်​ကွယ် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကောက်​နယ်​တ လင်း​မှ​လေ​တိုက်​၍​လွင့်​လာ​သော​ဖွဲ​ကဲ့​သို့ လည်း​ကောင်း၊ ခေါင်း​တိုင်​မှ​ထွက်​သော​မီး​ခိုး ကဲ့​သို့​လည်း​ကောင်း​လွင့်​ပျောက်​ရ​ကြ​လိမ့်​မည်။

ထို​အ​ခါ​၌​တောင်​များ​သည်​မီး​နှင့်​တွေ့​သော ဖ​ယောင်း​ကဲ့​သို့​အ​ရည်​ပျော်​လိမ့်​မည်။ ထို​နောက်​တောင်​ကုန်း​မှ​တောင်​အောက်​သို့ ရေ​စီး​ဆင်း​သ​ကဲ့​သို့​ချိုင့်​ဝှမ်း​ထဲ​သို့​စီး​ဆင်း လိမ့်​မည်။

ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ခ​ရီး​စ​ထွက်​သည့်​အ​ခါ မော​ရှေ​က``အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ ကိုယ်​တော်​၏​ရန်​သူ​တို့​ကို​က​စဥ့်​က​လျား ဖြစ်​စေ​၍ ကိုယ်​တော်​အား​မုန်း​တီး​သူ​တို့​ကို ထွက်​ပြေး​စေ​တော်​မူ​ပါ'' ဟူ​၍​လည်း ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ