ဆာလံ 66:13Common Language Bibleကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အိမ်တော် သို့ မီးရှို့ရာပူဇော်သကာကိုယူဆောင်လာပါမည်။ ကိုယ်တော်ရှင်အားကျွန်တော်မျိုးပြုခဲ့သည့် ကတိသစ္စာဝတ်ကိုဖြေပါမည်။ အခန်းကိုကြည့်ပါ။ |
ကြည့်လော့၊ သတင်းကောင်းကိုယူဆောင်လာ သူစေတမန်သည်တောင်များကိုကျော်ဖြတ် လျက်နေ၏။ သူသည်အောင်ပွဲခံရသည့်သတင်း ကိုကြေညာရန်လာလျက်ရှိပေသည်။ အို ယုဒ ပြည်သားတို့သင်တို့၏ဋ္ဌမ္မပွဲသဘင်များ ကိုကျင်းပကြလော့။ ထာဝရဘုရားအား သင်တို့ဆက်ကပ်ပေးလှူကြလော့။ သူယုတ် မာများသည်သင်တို့ပြည်သို့နောက်တစ်ဖန် ချင်းနင်းဝင်ရောက်ရကြတော့မည်မဟုတ်။ သူတို့သည်လုံးဝဆုံးပါးပျက်စီးသွား ကြလေကုန်ပြီ။
ယေဖသသည်သူ့ကိုမြင်သောအခါစိတ် မချမ်းမသာဖြစ်လျက် မိမိအဝတ်ကိုဆွဲ ဆုတ်ကာ``အို ငါ့သမီး၊ သင်သည်ငါ၏စိတ်နှလုံး ကိုကြေကွဲစေလေပြီ။ ငါ့အားစိတ်ဝေဒနာ ခံစားစေသူမှာအဘယ်ကြောင့်သင်ဖြစ်ရ ပါသနည်း။ ငါသည်ထာဝရဘုရားအား ကြီးလေးသည့်သစ္စာကတိကိုပြန်လည်ရုတ် သိမ်း၍မရတော့ပါ'' ဟုပြော၏။