ဆာလံ 66:12Common Language Bibleကိုယ်တော်ရှင်သည်ရန်သူတို့အားကျွန်တော်မျိုး တို့ကို ကျော်နင်းခွင့်ပေးတော်မူပါ၏။ ကျွန်တော်မျိုးတို့သည်မီးဘေးရေဘေးတို့နှင့် ကြုံတွေ့ရပါ၏။ သို့ရာတွင်ယခုအခါ၌ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားဘေးမဲ့လုံခြုံရာသို့ ပို့ဆောင်တော်မူပါပြီ။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍နေဗုခဒ်နေဇာမင်းသည် ပြင်းစွာ အလျှံထလျက်နေသောမီးဖိုကြီးအဝ သို့ချဉ်းကပ်ပြီးလျှင်``အမြင့်မြတ်ဆုံးသော ဘုရားသခင်၏အစေခံရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၊ မီးဖိုထဲမှထွက်လာ ကြလော့'' ဟုမိန့်တော်မူ၏။ ထိုအခါသူတို့ သည်ချက်ချင်းပင်ထွက်လာကြ၏။-
သူတို့သည်ခံနိုင်ရည်ရှိသူများဖြစ်သဖြင့် သူတို့အားမင်္ဂလာရှိသူများဟူ၍ငါတို့ ခေါ်ကြ၏။ ယောဘမည်သို့ခံနိုင်ရည်ရှိသည် ကိုသင်တို့ကြားသိခဲ့ကြလေပြီ။ နောက်ဆုံး၌ သူ့အားထာဝရဘုရားအဘယ်သို့ကြည့်ရှု တော်မူကြောင်းကိုလည်းသင်တို့သိကြ၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည် သနားကြင်နာတော်မူ၍ကရုဏာ တော်နှင့်ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသောကြောင့်တည်း။