Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 61:3

Common Language Bible

ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​၏​ဘေး​မှ ကျွန်​တော်​မျိုး​အား​ကွယ်​ကာ​စောင့်​ထိန်း တော်​မူ​သော​အ​ရှင်၊ ကျွန်​တော်​မျိုး​အ​တွက်​ခိုင်​ခံ့​သော​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ငါ​လျှောက်​ထား​သည့်​အ​ခါ​တိုင်း​ကိုယ်​တော် နား​ထောင်​တော်​မူ​၏။

အို ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​စွမ်း​အား​ကြီး​သော​ကယ်​တင်​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​စစ်​ပွဲ​တွင် ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်၊ ငါ​၏​ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်​တော်​မူ​၏။ ငါ​၏​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​သ​ဖြင့်​ငါ​သည်​ဘေး​မဲ့​လုံ​ခြုံ​၏။ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ ငါ​၏​ဘက်​မှ​ခု​ခံ​တိုက်​ခိုက်​တော်​မူ​၍​ငါ့​အား ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၏။

ဘေး​အန္တ​ရာယ်​ရောက်​သည့်​ကာ​လ ငါ့​အား​ကိုယ်​တော်​ကွယ်​ကာ​စောင့်​ရှောက်​၍ ထား​တော်​မူ​လိမ့်​မည်။ ဗိ​မာန်​တော်​တွင်​လုံ​ခြုံ​စွာ​ထား​တော်​မူ​လိမ့်​မည်။ ဘေး​ကင်း​စေ​ရန်​ကျောက်​ဆောင်​မြင့်​ပေါ်​မှာ​တင်​၍ ထား​တော်​မူ​လိမ့်​မည်။

ငါ​၏​ကယ်​တင်​ခြင်း​နှင့်​ဂုဏ်​အ​သ​ရေ​သည် ဘု​ရား​သ​ခင်​အ​ပေါ်​တွင်​တည်​ပါ​၏။ ကိုယ်​တော်​သာ​တန်​ခိုး​ကြီး​သည့်​ကာ​ကွယ်​သော ကျောက်​တောင်​ဖြစ်​တော်​မူ​၏။ ငါ​ခို​လှုံ​ရာ​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။

ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။

သင်​တို့​သည်​ငါ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ နာ​ပြု​ခြင်း​အား​ဖြင့်​ကူ​ညီ​ကြ​သည်​နှင့် အ​ညီ ကိုယ်​တော်​သည်​ဤ​သို့​ကြောက်​မက် ဖွယ်​ကောင်း​သော​သေ​ဘေး​မှ​ငါ​တို့​အား ကယ်​တင်​တော်​မူ​၏။ နောင်​အ​ခါ​၌​လည်း ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် ငါ​တို့​အား​တစ်​ဖန်​ကယ်​တင်​တော်​မူ​ဦး မည်​ဟု​ငါ​တို့​ယုံ​ကြည်​မျှော်​လင့်​ကြ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့ တောင်း​လျှောက်​သည့်​ဆု​တောင်း​ပတ္ထနာ​များ ကို​နား​ညောင်း​တော်​မူ​၍ ငါ​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​လိမ့်​မည်။ လူ​အ​မြောက် အ​မြား​ပင်​လျှင်​ငါ​တို့​အ​တွက်​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ