ဆာလံ 61:2Common Language Bibleကျွန်တော်မျိုးသည်အိမ်နှင့်ဝေးကွာလျက် စိတ်ပျက်အားလျော့လျက်နေသဖြင့် ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။ ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာသို့ ပို့ဆောင်တော်မူပါ။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ တရားမျှတမှုရရန်အတွက်ကျွန်တော်မျိုး ပန်ကြားသည်ကိုနားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ဂရုပြုတော်မူပါ။ ကျွန်တော်မျိုးသည်ရိုးဖြောင့်စွာ တောင်းလျှောက်သည်ဖြစ်၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။
ထာဝရဘုရားသည်ငါ့ကိုကွယ်ကာသောအရှင်၊ ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသည်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူသဖြင့်ငါသည်ဘေးမဲ့လုံခြုံ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ငါ့အား ဘေးမဲ့လုံခြုံစွာထားတော်မူ၏။
ယခုပြည်နှင်ဒဏ်ငါခံနေရချိန်၌ငါ၏ စိတ်နှလုံးသည်ကြေကွဲလျက်ရှိ၏။ သို့ဖြစ်၍ငါသည်ကိုယ်တော်ကို အောက်မေ့သတိရပါ၏။ ကိုယ်တော်သည်ဟေရမုန်တောင်နှင့် မိဇရတောင်မှဝမ်းနည်းခြင်းလှိုင်းလုံးများကို စေလွှတ်တော်မူပြီးလျှင် ယော်ဒန်မြစ်မှရေတံခွန်စီးဆင်းလာသကဲ့သို့ အသံဗလံနှင့်ငါ့ကိုလွှမ်းမိုးစေတော်မူပါ၏။