ဆာလံ 48:9Common Language Bibleအို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ဗိမာန်တော်အတွင်း၌ ကျွန်တော်မျိုးတို့သည်ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကိုဆင်ခြင်ကြပါ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ကျွန်ုပ်သည်ကိုယ်တိုင်မျက်မြင်ဒိဌ မတွေ့မမြင်ရမိစဉ်အခါက ထိုသတင်းကို မယုံနိုင်ပါ။ ထိုစဉ်အခါကကျွန်ုပ်ကြားသိ ရသည့်အရာများသည် ယခုတွေ့မြင်ရသည့် အမှုအရာများ၏ထက်ဝက်မျှပင်မရှိပါ။ အဆွေတော်၏ဉာဏ်ပညာတော်နှင့်စည်းစိမ် ချမ်းသာသည်ကျွန်ုပ်ကြားသိခဲ့သည်ထက် များစွာပိုမိုကြီးကျယ်ပါပေသည်။-
ကျွန်တော်မျိုးသည်ကယ်တင်ခြင်းသတင်းတော်ကို မျိုသိပ်၍မထားပါ။ ကိုယ်တော်ရှင်၏သစ္စာတော်အကြောင်းနှင့် ကူမတော်မူခြင်းအကြောင်းတို့ကို အစဉ်ပင်ဖော်ပြခဲ့ပါ၏။ ကိုယ်တော်ရှင်၏လူစုတော်ဝင်အပေါင်းတို့ စုဝေးရာ၌ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းနှင့် ခိုင်မြဲသောမေတ္တာတော်အကြောင်းတို့ကို မထိမ်မဝှက်ပါ။
လူသေအလောင်းများနှင့်အမှိုက်များစွန့်ပစ် ရာချိုင့်ဝှမ်းတစ်ခုလုံးသည်လည်းကောင်း၊ အရှေ့ ဘက်မြင်းတံခါးတိုင်အောင်ကေဒြုန်ချောင်း အထက်ရှိလယ်ပြင်အပေါင်းသည်လည်းကောင်း ငါ့အဖို့မြင့်မြတ်သန့်ရှင်းရာဖြစ်လိမ့်မည်။ ဤမြို့တော်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှဖြိုချဖျက်ဆီးရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။