ဆာလံ 48:10Common Language Bibleနေရာတကာတွင်လူအပေါင်းတို့သည် ကိုယ်တော်ရှင်အားထောမနာပြုကြပါ၏။ ကိုယ်တော်ရှင်၏ဂုဏ်သတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ပျံ့နှံ့နေပါ၏။ ကိုယ်တော်ရှင်သည်တရားမျှတစွာ အုပ်စိုးတော်မူပါ၏။ အခန်းကိုကြည့်ပါ။ |
``မိမိ၏သိုးအုပ်တွင်အပြစ်အနာကင်း သည့်သိုးများရှိပါလျက် ငါ့အားလိမ်လည် လှည့်စား၍အသုံးမကျသည့်ယဇ်ကောင် ကိုပူဇော်ဆက်သသူသည်ကျိန်စာသင့်ပါ စေသတည်း။ အဘယ်ကြောင့်ဆိုသော်ငါသည် ကြီးမြတ်သည့်ဘုရင်ဖြစ်တော်မူ၍ ငါ၏ နာမတော်ကိုလူမျိုးတကာတို့ကြောက်ရွံ့ ရိုသေရသောကြောင့်တည်း'' ဟုအနန္တတန် ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။
ခါနာန်အမျိုးသားမှစ၍ဤပြည်ရှိလူ အပေါင်းတို့သည် ထိုသတင်းကိုကြားသဖြင့် အကျွန်ုပ်တို့ကိုဝိုင်း၍ တစ်ယောက်မျှမကျန် အောင်သတ်ဖြတ်ကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကို လူတို့ အထင်မသေးကြစေခြင်းငှာမည်သို့ ပြုတော်မူပါမည်နည်း'' ဟုလျှောက်ထား လေ၏။
ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် ဖြောင့်မှန်ပါ၏။ မိမိ၏ကာမဂုဏ်စည်းစိမ်အား ဖြင့် ကမ္ဘာသူကမ္ဘာသားတို့အားဖောက်ပြန်ပျက်စီး စေသည့်ပြည့်တန်ဆာမကြီးအား အပြစ်ဒဏ် ခတ်တော်မူပြီ။ ကိုယ်တော်၏အစေခံတို့အား သတ်ခဲ့သောကြောင့် ဒဏ်ခတ်တော်မူပြီ'' ဟု ကြွေးကြော်ကြ၏။-