ကျွန်တော်မျိုးအတွက်ထိုသူတို့ထောင်ထားသော ထောင်ချောက်မှလည်းကောင်း၊ မကောင်းမှုပြုသူတို့၏ကျော့ကွင်းမှလည်းကောင်း ကွယ်ကာတော်မူပါ။
သူယုတ်မာတို့သည်ကွန်တော်မျိုးအတွက် ကော့ကွင်းကိုထောင်ကြပါ၏။ သို့သော်လည်းကွန်တော်မျိုးသည် အထုံးအဖွဲ့တော်တို့မှသွေဖည်၍မသွား ပါ။
မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအတွက် ထောင်ချောက်ကိုထောင်ထားကြပါပြီ။ သူတို့သည်ကျွန်တော်မျိုးအားဖမ်းရန် လမ်းတွင်ပိုက်ကွန်ကိုဖြန့်၍ကျော့ကွင်းကို ထောင်ထားကြပါပြီ။
ငါသည်လက်လျှော့စိတ်ပျက်သောအခါ၌ ငါသွားရာလမ်းကိုကိုယ်တော်သိတော်မူပါ၏။ ငါလျှောက်ရာလမ်းတွင်ရန်သူတို့သည်ငါ၏ အတွက် ထောင်ချောက်ကိုထောင်ထားကြ၏။
ငါ၏အနီးသို့ကြည့်လိုက်သောအခါကူမ မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ ကာကွယ်စောင့်ရှောက်မည့်သူတစ်ယောက်မျှမရှိ။ အဘယ်သူမျှငါ့ကိုဂရုမစိုက်။
ကျွန်တော်မျိုးအားသတ်ဖြတ်လိုသူတို့သည် ကျော့ကွင်းများကိုထောင်ကြပါ၏။ ကျွန်တော်မျိုးအားဥပဒ်ပြုလိုသူတို့သည် ခြိမ်းခြောက်ပြောဆိုကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားလုပ်ကြံရန် အစဉ်မပြတ်ကြံစည်လျက်နေကြပါ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်လုံးဝယုံကြည်စိတ်ချပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးသည်သီချင်းဆို၍ ကိုယ်တော်ရှင်အားထောမနာပြုပါမည်။
သူတို့သည်မိမိတို့၏လျှာကိုဋ္ဌားသဖွယ် သွေးကြပါ၏။ သနားကြင်နာခြင်းကင်းမဲ့သောစကား များဖြစ်သော မြားများကိုချိန်ရွယ်ကြ၏။
ပညာရှိသောသူ၏တရားသည် အသေခံရာ ကျော့ကွင်းတို့မှ၊ လွှဲရှောင်ရာအသက်စမ်းရေတွင်းဖြစ်၏။
သူတို့၏အိမ်ရာများကိုတိုက်ခိုက်လုယက် ရန်ရုန်းရင်းဆန်ခတ်လူအုပ်အားအမှတ်မ ထင်စေလွှတ်တော်မူပါ။ သူတို့သည်ကြောက် လန့်တုန်လှုပ်လျက်ဟစ်အော်ရကြပါစေ သော။ သူတို့သည်ကျွန်တော်မျိုးလိမ့်ကျစေ ရန်တွင်းကိုတူးကြပါပြီ။ ကျွန်ုပ်အတွက် ထောင်ချောက်ကိုဆင်ကြပါပြီ။-
ထို့ကြောင့်အခွင့်ကောင်းကိုစောင့်နေကြ၏။ သူတို့ သည်ကိုယ်တော်၏စကားတွင်အမှားကိုရှာပြီး လျှင် ကိုယ်တော်အားဘုရင်ခံမင်း၏လက်သို့ အပ်နိုင်ရန်သူတော်ကောင်းဖြစ်ယောင်ဆောင်သော သူလျှိုများကိုအထံတော်သို့စေလွှတ်ကြ၏။-