Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 141:8

Common Language Bible

သို့​ရာ​တွင် အို ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​မြဲ​ကိုး​စား​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​တွင် ခို​လှုံ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကွယ်​ကာ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​တော်​မူ ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​ယ​ခု​တိုက်​ခိုက်​ရန်​ရောက် ရှိ​လာ​သော​တပ်​မ​တော်​ကြီး​၏​ရှေ့​တွင်​ခို​ကိုး​ရာ မဲ့​ဖြစ်​လျက်​နေ​ကြ​ပါ​၏။ အ​ဘယ်​သို့​ပြု​ရ​မည် ကို​အ​ကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သို့​ရာ​တွင်​ကူ​မ တော်​မူ​ရန်​အ​ထံ​တော်​သို့​မျှော်​ကြည့်​ကြ​ပါ​၏'' ဟု​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​တော် မူ​၏။

ကိုယ်​တော်​သည်​မိ​မိ​စွန့်​ပစ်​ထား​သည့်​လူ​စု တော်​၏ လျှောက်​ထား​ချက်​ကို​ကြား​တော်​မူ​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ညောင်း​တော်​မူ​လိမ့်​မည်။

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင်​ခို​လှုံ ပါ​၏။ ``တိုင်း​ပြည်​ငြိမ်​ဝပ်​ပိ​ပြား​မှု​မ​ရှိ​သော​အ​ခါ သူ​တော်​ကောင်း​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ် နိုင်။ သူ​ယုတ်​မာ​တို့​သည်​သူ​တော်​ကောင်း​တို့​ကို ချောင်း​မြောင်း​ပစ်​ခတ်​ရန်​လေး​ကို​တင်​၍​မြား​ကို ချိန်​ရွယ်​လျက်​နေ​လေ​ပြီ။ ထို​ကြောင့်``တောင်​ပေါ်​သို့​ငှက်​ကဲ့​သို့ ပျံ​တက်​လော့'' ဟု ငါ့​အား​သင်​တို့​ပြော​ဆို​ကြ​သည်​မှာ​လွန်​စွာ မိုက်​မဲ​လေ​စွ​တ​ကား။

တုန်​လှုပ်​လျက်​ရှေ့​တော်​တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။ ယင်း​သို့​မ​ပြု​ပါ​မူ​ကိုယ်​တော်​သည် အ​မျက်​တော်​ထွက်​တော်​မူ​သ​ဖြင့် သင်​တို့​သည်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ ကိုယ်​တော်​ထံ​တော်​သို့​ချဉ်း​ကပ်​ခို​လှုံ​သူ အ​ပေါင်း​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။

ငါ​၏​လူ​မျိုး​တော်​သည်​ရေ​ကို​လို​၍ ရှာ​သော​အ​ခါ​၌​လည်း​ကောင်း၊ သူ​တို့​သည်​ရေ​ငတ်​သ​ဖြင့်​လည်​ချောင်း ခြောက်​သည့်​အ​ခါ​၌​လည်း​ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် တည်း​ဟူ​သော​ငါ​သည်​သူ​တို့​အား​အ​ဘယ် အ​ခါ​၌​မျှ စွန့်​ပစ်​လိမ့်​မည်​မဟုတ်။

``ငါ​သည်​သင်​တို့​အား​ခို​ကိုး​ရာ​မဲ့​ဖြစ်​စေ မည်​မ​ဟုတ်။ သင်​တို့​ထံ​သို့​ငါ​လာ​ဦး​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ